Wednesday, April 9, 2014

အာဏာပိုင်နှင့် သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်

rအောင်ဇော်ထူး
(Popular Myanmar News Journal)

ဖယ်ရှားမပေးလျှင် ဆွဲချဖမ်းဆီး ခြင်းများ ပြုလုပ်လာမည့် နေပြည်တော် မှ ဘုန်းကြီးကျောင်းကိစ္စရပ်ကြောင့် မကြာမီ အာဏာပိုင်နှင့် ယင်းကျောင်း သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်ကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သတိပေးပြောကြားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ နေပြည်တော် အာဏာပိုင်များက နေပြည်တော်ကောင်စီ အတွင်းရှိ ဘုန်းကြီးကျောင်း ၃ဝ ကို ကျူးကျော်ဝင်ရောက်ဆောက် လုပ် နေထိုင်သည်ဟု ဆိုကာ ဖယ်ရှားခိုင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် အမိန့် မလိုက်နာသူ သံဃာအချို့အားလူဝတ်လဲစေကာ ထောင်ချခြင်းများ ပြုလုပ် ခဲ့မှု၏ နောက်ဆက်တွဲသက်ရောက်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
''ကျန်နေတဲ့ သံဃာတွေကလည်း မဖယ်ပေးဘူး။ လုပ်ချင်တာလုပ်၊ အာဏာပိုင်တွေ လည်း သူတို့ဝတ္တရားအတိုင်း ဖမ်းတာဆီးတာတွေတော့ လုပ်မှာပဲ။ အဲဒီအခါမှာ ဘာတွေ ဆက်ဖြစ်မလဲ ကျွန်မ တော်တော် စိုးရိမ်နေတယ်'' ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထွက်ခွာပေးရန် ကျူးကျော် ဘုန်းကြီးကျောင်းများကို ညွှန်ကြားလွှာပေးပို့ခြင်းများ၊ ရှောင်တိမ်းပြေးခွာသူများကို ဝရမ်းပြေးအဖြစ် သတ်မှတ်ကြောင်းကို အာဏာပိုင်များက အမိန့်စာကပ်ခြင်းများ ပြုလုပ်လျက်ရှိနေ ကြသည်။

သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုပြုမည့် ကျောင်း အချို့မှာ နှစ်ကျောင်း သုံးကျောင်းသာ ရှိနေကြောင်း သိရသည်။ လူဝတ်လဲကာ ထောင်ချခြင်း ခံလိုက် ရသည့် ကျောင်းထိုင် နှစ်ပါးကို တရားရုံးက ထောင်ဒဏ်ခြောက်လ အပြစ်ပေး လိုက်ပြီး ကျန်ဘုန်းကြီး ကျောင်းအချို့ကိုဝရမ်းစာကပ်၍ ကြေညာထားခဲ့သည်။

0 အကြံပြုခြင်း: