Saturday, April 26, 2014

ဦးအုန်းထွန်းတို့ ဇနီး မိသားစုဟာ ဘဘ ဦးဝင်းတင်ကို ကွယ်လွန်သည် အထိ စောင့်ရှောက်ခဲ့



ဗမာ့ သားကောင်း

ဘဘ ဦးဝင်းတင် ထောင် မှလွတ်လာတဲ့ အခါ နေစရာ အိမ်မရှိတော့ပါဘူး ၊ စားစရာ မရှိ ၊ မိသားစု မရှိဖြစ်နေတဲ့ ဘဘ ဦးဝင်းတင် ဟာ နေ့ဘက်မှာ သူငယ်ချင်း ဖြစ်သူ ဦးမောင်မောင်ခင်အိမ်မှာ နေရပီး ညဘက် ရောက်တဲ့ အခါ သူငယ်ချင်း ဖြစ်သူ ဦးအုန်းထွန်း အိမ်မှာ ဧည့်စာရင်း တိုင်ပီး ညအိပ်ရပါတယ် ။

ဦးမောင်မောင်ခင် ကျန်းမာရေး မကောင်း တာကြောင့် သက်ဆိုင်ရာ ကို အကြောင်းကြားပီး သူငယ်ချင်းဖြစ်သူ ဦးအုန်းထွန်း အိမ်မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ် ။

ဒီပုံမှာ ပါတဲ့ ဦးအုန်းထွန်းတို့ ဇနီး မိသားစုဟာ ဘဘ ဦးဝင်းတင်ကို ကွယ်လွန်သည် အထိ စောင့်ရှောက် ပေးခဲ့ကြပါတယ် ....။


Chawchaw Mirror
ဘာကြောင့် ဘဘ ဦးဝင်းတင် ထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ဆင်ခဲ့ရသလဲ
=========================

ဘဘ ဦးဝင်းတင် ထောင် က လွတ်လာတော့ သူ့ အိမ်ကို အတင်းပြန်ပို့တယ် ..။ အဲဒီအချိန်က သူ့ အသက် ၈၀ ရှိနေပီ ။ အရင်သူ နေခဲ့တဲ့ လမ်းသစ်လမ်းက အိမ်ကို အစိုးရက ချိတ်ပိတ်ထားခဲ့တော့ နေစရာမရှိဘူး ။

နေစရာမရှိ အိုနာကျိုးကန်း ပြီး အသက်အရွယ် ကြီးတဲ့ ဘဘ ဆီမှာ မိသားစု မရှိဘူး ။ သားသမီး မှီခိုစရာလည်း မရှိဘူး ။ ဒါနဲ့ သူငယ်ချင်း ဖြစ်တဲ့ ဦးမောင်မောင်ခင် အိမ်မှာ နေ့ဘက် သွားနေရရှာတယ် ၊ ညဘက် ကျတော့ ကျောက်ကုန်းက သူငယ်ချင်း ဦးအုန်းထွန်း အိမ်မှာ သွား အိပ်ရရှာတယ် ။ အိပ်တာတောင်မှ ဧည့်စာရင်းတိုင်အိပ်ရရှာတယ် ။

ဒါက စစ်အစိုးရက နေ ဘဘ ကို ဒီနှစ်အိမ်မှာပဲ တလှည့်စီ နေရမယ်လို့ ခွင့်ပြုထားခဲ့တာ ။ ဘဘ သွားလေရာ နောက်ကိုတော့ ကြွက်တွေခမြာ လိုက်ရရှာတာပေါ့ ။ ဒီလောက်အသက်အရွယ်ကြီးနေတဲ့ ဘဘ ကို အိမ်နှစ်အိမ် အသွားအပြန် ကြားမှာ စိတ်မချမ်းသာ စရာဖြစ်အောင် အညိုးကြီးစွာ နဲ့ လုပ်ရက်ခဲ့တယ် ။

နောက် ဘဘ ရဲ့ သူငယ်ချင်း ဦးမောင်မောင်ခင် ကျန်းမာရေး မကောင်းတာကြောင့် သူ့မိသားစု ကို ပနှောင့် အယှက်မပေးလိုတာကြောင့် ကျောက်ကုန်းက အဘ ဦးအုန်းထွန်းတို့အိမ်မှာ နေဖို့ သက်ဆိုင်ရာကိုပြောခဲ့တယ် ။

ဒါနဲ့ ဘဘ ဦးဝင်းတင်လည်းသူ့ရဲ့ သူငယ်ချင်းကောင်း ဦးအုန်းထွန်းရဲ့ အိမ်ကို ပြောင်းလာခဲ့တယ် ။ ဘဘ အတွက် အခန်းတခန်း ပေးထားတယ် ။ ဒါပေမယ့် ဘဘ ဆီကိုလာတွေ့တဲ့ ဧည့်သည်တွေကများတော့ သူ့သူငယ်ချင်း မိသားစုကို အနှောင့်အယှက်မပေးလိုတာကြောင့် အိမ်ရှေ့ မြေကွက်လပ်မှာ အိမ်အခန်းငယ်လေး ဆောက်နေခဲ့တယ် ...။ ဦးအုန်းထွန်းတို့မိသားစုဆိုတာ ဘဘ ဦးဝင်းတင် ထောင် ကျကတည်းက ထောင်ဝင်စာမပြတ်တွေ့ခဲ့တဲ့ သူတွေ ပေါ့ ။

အခု ဘဘ မဆုံးခင်ကလေးကမှ ဘဘ လို ထောင်ကျခဲ့ပီး အစိုးရပေးခဲ့တဲ့ နေအိမ်တွေကနေ ဖယ်ရှားခံခဲ့ရပီး နေစရာ အိမ်မရှိ အဆင်မပြေ ဖြစ်နေကြတဲ့ နိုင်ကျဉ်းဟောင်းတွေက အစိုးရဆီက ပြန်တောင်းဖို့ လက်မှတ်စုပေါင်းထိုးဖို့ ပြောလာကြတဲ့အတွက်ဘဘ ဟာ ထိုးပေးခဲ့ရခြင်း ဖြစ်တယ်

0 အကြံပြုခြင်း: