Saturday, April 5, 2014

မီဒီယာ လောက ထဲ အထိ စွမ်းအားရှင်တွေ ရောက်လာ



Thiha Thwe
ဒီ နေ့ MPC မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်းသွား ယူတုန်း ၊ သတင်းထောက် တွေကြားမှာ လူကြီး တစ်ယောက် ကို တွေ့ဖူးပါတယ်ဆိုပြီးကြည့်နေတာ။ ဘယ်ဟုတ်မလဲ ။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်း အကြိုကာလ တွေ မှာ စွမ်းအားရှင် အဖွဲ့ တွေ ကို အနီးကပ် ကြီးကြပ် ခဲ့ ပြီး အပီအပြင် လှုပ်ရှား ခဲ့ တဲ့ ရန်ကုန်တိုင်း စစ်ဒေသ က ဗိုလ်မှုး ဖြစ်နေလေရဲ့။ မှတ်မိသေး တယ်။ ပထမဆုံး ပွဲဦးထွက် ချီတက်လာတဲ့ သံဃာ တွေ ကို ရွှေတိဂုန် အရှေ့ မုဍ် မှာ တားဆီး ပြီးအခြေအတင်ဖြစ်နေတော့ အနီး အနား မှာ ဗီဒီယို ရိုက်နေတဲ့ ကျွန်တော့ မိတ်ဆွေ သတင်းထောက် တယောက် ရဲ့ ကင်မရာ ကို ဆွဲယူပြီး ၊ မင်း ကင်မရာ အကောင်းတိုင်းပြန်လိုချင်ရင် အေးအေးဆေးဆေး ပေး လိုက်ဆိုပြီးသိမ်း လိုက်တာ။ တချို့ ၈၈ အဖွဲ့ တွေ နဲ့ လမ်းပေါ်မှာ ထိပ် တိုက်တွေ့ တဲ့ ပွဲစဉ်တွေ မှာ သူ ကိုယ်တိုင် အရပ်ဝတ် နဲ့ ပုဆိုး တိုတို ဝတ်ပြီး စွမ်းအားရှင် တွေ ကို ရှေ့ က ဦးဆောင် လို့ နင်တို့ တွေ ငါတို့ ရပ်ကွက်မှာ လာမရှုပ်ကြ နဲ့ ဆို ပြီး ကြိမ်းမောင်းပွဲကြမ်းခဲ့တာ ။ ဒါနဲ့ ကိုယ့်ဆရာ MPC ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ကို ဘာ တာဝန် နဲ့ များလာ သလဲ လို့စုံစမ်းကြည့်တော့ ၊ လားလား ၊ ကိုယ့်ဆရာ က ယူနီဖေါင်းချွတ်ပြီး နာမည်ကြီး ပုဂ္ဂလိက ရုပ်သံဌာန ကြီး တခုမှာ အကောင်ဖြစ်နေတယ် ဆိုပါ့လား။ အောင်မလေး၊ ကျုပ်တို့ မီဒီယာ လောက ထဲ အထိ စွမ်းအားရှင်တွေ ရောက်လာပါပေါ့လား၊ အရပ်ကတို့ရေ ။

1 အကြံပြုခြင်း:

Anonymous said...

bal thu lae so tar pyaw lay kwar bar lo ma pyaw ye sayar shi lae