Wednesday, April 9, 2014

“အထူးမိတ်ဆက်ပေးခြင်း”( အောင်ဆန်းစုကြည်)


Tun Wai
(ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဟံသာဝတီဦးဝင်းတင်အကြောင်း အထူးမိတ်ဆက်ပေးခြင်း ဆောင်းပါးဖြစ်ပါသည်။)


၁၉၃၀ ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ ဦးဝင်းတင်ဟာ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင်တို့နဲ့ မတူတဲ့အချက်ကတော့ သူဟာ ဘယ်တုန်းကမှ တပ်မတော်သားမဖြစ်ခဲ့တာပါပဲ။ သူကျင်လည်ကျက်စားရာ နေရာကတော့ စာပေကမ္ဘာကြီးထဲမှာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကနေ ဘွဲ့မရခင်ကတည်းက သူဟာ မြန်မာနိုင်ငံ ဘာသာပြန် အသင်းကြီးမှာ လက်ထောက်အယ်ဒီတာဘ၀နဲ့ အလုပ်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ သူဟာ ဒတ်ခ်ျသတင်းစာကုမ္ပဏီတစ်ခုရဲ့ အကြံပေးအယ်ဒီတာအဖြစ်ကို ရောက်ခဲ့ပါတယ်။ ဒီအယ်ဒီတာနေရာကို ရခဲ့ခြင်းဟာ သူ့ရဲ့ ရှည်လျားလှတဲ့ စာနယ်ဇင်းလောကလုပ်သက်ထဲမှာ အမြင့်ဆုံးနေရာဖြစ်တဲ့၊ တစ်ခါက မြန်မာနိုင်ငံမှာ ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်ခဲ့တဲ့ ဟံသာဝတီ သတင်းစာရဲ့ အယ်ဒီတာချုပ် ရာထူး ကိုရရှိဖို့အတွက် အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။
ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာအယ်ဒီတာချုပ် လုပ်ခဲ့တဲ့ နှစ်တွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အင်အားခိုင်မြဲလာတဲ့နှစ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်ကာလတုန်းက လွတ်လပ်စွာပြောဆိုခွင့်၊ ကိုယ့်ရဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့် စတာတွေကို ပိုလို့ပိုလို့ တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ခဲ့ပေမယ့်လည်း အနည်းငယ်မျှသော စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေဟာ သူတို့တစ်တွေရဲ့ လွတ်လပ်စွာ တွေးခေါ်မြော်မြင် ပိုင်ခွင့်ကို တိုးတိုးတိတ်တိတ်နဲ့ ဆက်ပြီး ထိန်းသိမ်းခဲ့ကြပါတယ်။

Page - 1
Eternal Light Magazine
April 2014

0 အကြံပြုခြင်း: