Saturday, April 19, 2014

" မိဘ....ပြည်သူများ...ခံဗျား.."


Thunder Pa Yit

ဗီယက်နမ်ဟာ..
သူ့နိုင်ငံတွင်းမှာဖြစ်ခဲ့တဲ့..
ကမ္ဘာကျော် ဗီယက်နမ် စစ်ပွဲပြီးသွားခဲ့တာ..
နှစ် ၅၀ မပြည့်သေးပေမဲ့

သူ့နိုင်ငံထဲမှာ....

- လျှပ်စစ်မီး ပျက်တာတွေသိပ်မကြားရတော့ဘူး..

- သူ့ပြည်သူပြည်သားတွေအတွက်..၊
တိုးတက်တဲ့နိုင်ငံတွေက အ၀တ်အထည် ၊
လူသုံးကုန်ပစ္စည်းနဲ့ မော်တော်ကားကအစ..
ထုတ်လုပ်ပေးတဲ့ နာမည်ရအမှတ်တံဆိပ်တွေနဲ့..
ဖက်စပ်က်ရုံများစွာရှိလို့..
ပြည်သူတွေ အဆင့်ရှိရှိနဲ့ နေနိုင်စားနိုင်နေပြီ..

- ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုဟာ...ထိုင်းနိုင်ငံထက်သာလွန်သွားပြီး
ကမ္ဘာ့အဆင့် ၄ နေရာကို ရောက်ရှိသွားတဲ့နိုင်ငံ.ဖြစ်နေပြီ...

- ကမ္ဘာ့ဆန်စပါးတင်ပို့မှုမှာ ကမ္ဘာ့ပထမဖြစ်တဲ့
ထိုင်းနိုင်ငံနောက်ကနေ ကပ်လိုက်လာပြီး
ကမ္ဘာ့ဒုတိယအဆင့်ကို ရောက်ရှိသွားတဲ့နိုင်ငံလဲ ဖြစ်လာပြီ...

- သူ့နိုင်ငံတွင်းက လမ်းပမ်းဆက်သွယ်ရေးတွေဟာ
အဆင့်မြင့်သင့်သလောက်မြင့်မားနေပြီ..

- မိုဘိုင်း ကဏ္ဍတွေမှာလည်း နိုင်ငံတကာအဆင့်
အင်တာနက်မြန်နှုန်းကို ပိုင်ဆိုင်ထားပြီး..
Sim Card ဈေးနှူန်းဟာလည်း...
တစ်ဒေါ်လာသာသာပဲရှိခဲ့တာ ကြာရောပေါ့.၊

- အရှေ့တောင်အာရှမှာ...တိုးတက်မှုအရှိန်အဟုန်
မြင့်မားလာလာတဲ့နိုင်ငံအဖြစ် ကမ္ဘာက စောင့်ကြည့်ခံရတယ်၊

- အဲဒီနိုင်ငံမှာ သယံဇာတ သိပ်မကြွယ်ဝပေမဲ့
ဗီယက်နမ်စစ်အပြီးမှာ ပြည်သူတွေအားလုံး..
ကြိုးစားခဲ့ကြလို့ ကမ္ဘာက ချီးကျူးရတဲ့ နိုင်ငံ..လဲဖြစ်နေတယ်...

ပြီးတော့..

- သူ့နိုင်ငံရဲ့ သမိုင်းမှာ "ဟိုချီမင်း"...ဆိုတဲ့...
ကမ္ဘာကျော်အမျိုးသားခေါင်းဆောင်တစ်ဦးရှိခဲ့ပြီး..
ပြည်သူတွေဟာ....သူ့တို့ အမျိုးသားခေါင်းဆောင်ရဲ့...ဂူသင်္ချိုံင်းကို....
အားလပ်ရက်တိုင်းမှာ..အံ့သြစရာကောင်းလောက်အောင်...
တိုးမပေါက်နိုင်အောင်....သွားရောက်ဂါရ၀ပြုလေ့ရှိကြတယ်...။

-----------------------------

အဲဒီလိုနိုင်ငံက....

၂၀၁၉ အာရှ အားကစားပွဲတော်ကို...

အိမ်ရှင်အဖြစ်ကျင်းပဖို့ အလှည့်ကျပေမဲ့..

ငြင်းပယ်လိုက်ပြီး..

အဲဒီအားကစားပွဲကျင်းပတဲ့နေရာမှာကုန်ကျမဲ့ငွေကြေးကို

နိုင်ငံနဲ့..လူထုကို အကျိုးပြုမဲ့ ကဏ္ဍတွေမှာ...

သုံးစွဲသွားမယ်......ဆိုတာကိုလဲ..

တွေ့လိုက်ရော...

.....

.....

.....

.....

" မိဘ....ပြည်သူများ...ခံဗျား.."

0 အကြံပြုခြင်း: