Friday, April 11, 2014

စစ်တွေ အာဏာပိုင်များ၏ မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်

စစ်တွေ အာဏာပိုင်များ၏ မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒါဏ်ရာအခြေ အနေက ရန်ကုန်ဆေးရုံတစ်ခုခုတွင် ကု သရတော့မည့် အခြေအနေ ။
"""""""""""""""""""""""""""""


NGO နေအိမ်များ တိုက်ခိုက်ခံခဲ့ရ ခြင်းနဲ့စပ်လျဉ်း၍ စစ်တွေ ဓညဝတီရပ် ကွက် အုပ်ချုပ်ရေးမှူး၏ စွပ်စွဲတိုင်ကြား ချက်ဖြင့် မှားယွင်းစွာဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ အာဏာပိုက်များ၏ ညမအိပ် စေရဘဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ဦး ဏှောက်တွင် ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ရ သည် ။
၎င်းကိစ္စအပေါ် သက်ဆိုင်ရာ အာ ဏာပိုင်များမှ သူတို့နဲ့မသက်ဆိုင်သလို မျိုး ပြုမူနေကြကြောင်း ယခုလက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် တက်ရောက်ကုသခံနေရပြီး ဒါဏ်ရာအ ခြေအနေမှာ စိုးရိမ်င်္ဖယ်ရာ ရှိနေသည် ။
သို့ဖြစ်သောကြောင့် ဦးမောင်သိန်း အား မိသားစုဝင်များအနေဖြင့် ရန်ကုန် ပုဂ္ဂလိကဆေးရုံတစ်ခုခုသို့ သွားရောက် ကုသလိုကြောင်း ဆန္ဒရှိနေကြသည် ။ အဆိုပါ ဦးမောင်သိန်းသည် ရခိုင်အ မျိုးသားပါတီ၏ ဗဟိုအရံကော်မတီဝင်တ ဦးဖြစ်ပြီး ၎င်း၏အခြေအနေအရ ရန်ကု န်သို့ သွားရောက်ကုသခွင့်ရရှိရေးကို ရခိုင်အမျိုးသားများအနေဖြင့် တတ်အား သရွေ့ ကူညီဆောင်ရွက်ပေးစေလိုကြောင်း မိသားစုဝင်များက အကူအညီတော င်းခံနေကြောင်း သိရှိရသည် ။

သာလီစွ လခြမ်းမြီ


စစ်တွေ ပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးခံရသူ ငါးရက်ကြာ သတိလစ်လျှက်ရှိ

မဇ္ဈိမ

စစ်တွေ ပဋိပက္ခတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ အရံ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမောင်သိန်းသည် သတိလစ်နေသည်မှာ ငါးရက်ခန့်ကြာမြင့်ပြီးဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရမည်ဟု ၎င်း၏ သားဖြစ်သူ ကိုနိုင်စိုးက ဧပြီ ၁၁ ရက်တွင် မဇ္ဈိမကိုပြောသည်။
မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့တွင်းရှိ NGO ရုံးများကို ရခိုင်ဒေသခံ လူအုပ်စုက တိုက်ခိုက်ခဲ့သဖြင့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးရာတွင် ANPပါတီ ၏ အရံဗဟိုအလုပ်အမှုဆောင် ဦးမောင်သိန်းကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်ကြောရေးကာလတွင် ဦးနောက်သွေးကြောပေါက် ရောဂါဖြင့် သတိလစ်လျှက် ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။
“စစ်တွေဆေးရုံက ဆရာဝန်ကြီးကတော့ ၈၅ရာခိုင်နှုန်း အခြေအနေမကောင်းဘူးလို့ ပြောတယ်”ဟု ကိုနိုင်စိုးက ပြောသည်။
ဦးမောင်သိန်းသည် ဧပြီ ၇ ရက်မှ စ၍ ဧပြီ ၁၁ ရက်အထိ ငါးရက်ကြာ သတိလစ်မေ့မြော လျှက်ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။
ငါးရက်ကြာ မေ့မြောနေသည့် ဦးမောင်သိန်းကို ရန်ကုန်ဆေးရုံကြီးတွင် ကုသရန်အတွက် ဧပြီ ၁၂ရက် နံနက်တွင် ANP ပါတီ၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ လာရောက်မည်ဟု အဆိုပါ ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခိုင်ပြည်စိုးက ပြောသည်။
“ဒီမှာက ပစ္စည်းမပြည့်စုံဘူး၊ လူနာက အသက်လုနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ရန်ကုန်ကိုပို့တာပါ”ဟု ဦးခိုင်ပြည်စိုးကပြောသည်။
ဦးမောင်သိန်းသည် မတ် ၃၁ရက်က ညပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ကြောရေးကာလတွင် မိသားစုနှင့် တွေ့ခွင့်မပေးခဲ့ပေ။
ဧပြီ ၇ ရက်တွင် ဇနီးဖြစ်သူက တွေ့ခွင့်တောင်းရာမှ သတိလစ်နေသည်ကို တွေ့ရပြီး စစ်တွေဆေးရုံသို့ တင်ခဲ့ရခြင်းဖြစ်ကာ ယနေ့အချိန်ထိ သတိမရသေးဟု ၎င်း၏ မိသားစုဝင်များကပြောသည်။
ဦးမောင်သိန်း၏ ညီမ ဒေါ်ခင်မြ၀င်းသည်လည်း ဖမ်းဆီးစစ်ဆေးခံရပြီး ဧပြီလ ၁၁ရက် နေ့လည် ၂ နာရီခန့်က စစ်တွေ ဆေးရုံသို့ သတိလစ်ကာ ထပ်မံရောက်ရှိလာသည်ဟု ကိုနိုင်စိုးက ပြောသည်။
စစ်တွေမြို့NGOများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့နယ်မှ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၆)ဦး ပေါင်း(၁၂)ဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
စစ်တွေ ပဋိပက္ခနှင့်ပတ်သက်၍ မတ်လ ၃၁ရက်နေ့ နောက်ပိုင်းတွင် ထပ်မံဖမ်းဆီးမှုများပြုလုပ်ခြင်းများ မရှိသေးဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်မြင့်ကပြောသည်။

0 အကြံပြုခြင်း: