Wednesday, April 30, 2014

ဒီနေ့ ၂၀၀၀၀/- ထပ်တိုးတော့ ပြန်တောင်းရတာ ၂၀၀၀၀/-



Nyo Nyo Han

ဒီနေ့ နိုင်ငံတော်ကြီးရဲ့စေတနာကြောင့်
လစာ ကျပ်၂၀၀၀၀/- ထပ်တိုးပြီးရတော့မယ်
လွန်ခဲ့တဲ့ ၁၆ နှစ်
အရာရှိစဖြစ်ခါစ
ရန်ကုန်မှာ ရုံးတက်ရတဲ့ဘဝ
လစာငွေက ကျပ် ၁၅၇၅/-
အမဝမ်းကွဲက တင်ကျွေးထားရတယ်
သူ့အိမ်မှာခိုင်းတဲ့ကောင်မလေးကို သူ ပေးရတာက ကျပ် ၅၀၀၀/-

မနက်ကို အဲဒီကောင်မလေးထည့်ပေးတဲ့ထမင်းချိုင့်ပါတဲ့ခြင်းကိုခပ်တည်တည်နဲ့ယူ
စပယ်ယာကို ကူပွန်မရဲတရဲပေး
ညနေရုံးဆင်းချိန်
စပယ်ယာကို ကူပွန်မဝံ့တဝံ့ပေး
ရိုရိုသေသေဆက်ဆံပြီးရုံးတက်ခဲ့ရတယ်

လစာထုတ်ရက်
အမကိုညီးတာ အဲဒီကောင်မလေးကြားသွားတော့
အန်တီကဒီလောက်ဘဲရသလားတဲ့
ကိုယ့်ရာထူးလေးအားနာသွားတယ်

၇၀၀၀/- ၈၀၀၀/- လောက်ဆို ကိုယ့်အသုံးစရိတ်လောက်နိုင်ကောင်းရဲ့လို့
သူငယ်ချင်းတွေနဲ့ပြောပြီးခဏခဏညီးမိတယ်

ဟော ၇၅၀၀/- တဲ့
အပျော်လေးက နှစ်လလောက်ဘဲခံတယ်
နဂိုလိုဘဝဘဲပြန်ရောက်သွားတာပါဘဲလေ

အဲဒီလိုနဲ့ ၈၀၀၀၀/- ၁၀၀၀၀၀/-
တိုးတိုင်း ခဏဘဲပျော်နိုင်တာပါဘဲ

ခု ဒီနေ့ ၂၀၀၀၀/- ထပ်တိုးတော့
အိမ်က ပြန်တောင်းရတာ ၂၀၀၀၀/- သက်သာတယ်ဘဲမှတ်ရမလား
အရင်လိုဘဲ တလ နှစ်လကြာရင် ဒီထက်မက ထပ်ပြီးအိမ်ကပြန်တောင်းနေရဦးမှာလား
ဘုရား ဘုရား

0 အကြံပြုခြင်း: