Saturday, April 19, 2014

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင်ဆေးပြား ၈၂သိန်းကျော် ဖမ်းဆီးရမိ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ၇၉.၇၉၁ သိန်းနှင့် အက်ဖီဒရင်း ဟိုက်ဒရိုကလိုရိုဒ် အာနိသင်ပါဆေးပြား ၂.၆၈၅ သိန်း ဖမ်းဆီးရမိ

 MOI Webportal Myanmar
******************

၁၇-၄-၂၀၁၄ ရက်နေ့ ၁၈၅၀ အချိန် မယတစု(၁၇)မန္တလေး(မြောက်)မှ တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်၊ အကွက်(၂၆၅)၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်၊ လမ်း ၉၀၊ ၃၂ x ၃၃ လမ်းကြားနေ ဇော်ဝင်းနိုင် နေအိမ်သို့ ဝင်ရောက်စီးနင်း ရှာဖွေရာ နေအိမ်တွင် ဇော်ဝင်းနိုင် နှင့် မထွားမီး တို့အားတွေ့ ရှိပြီး နေအိမ်ခြံဝင်း အတွင်းမှ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ဆာလာအိတ်သေး(၉)အိတ် နှင့် ဇော်ဝင်းနိုင် မောင်းနှင် လာသည့် ၄င/၆၉၁၆ PARADO ယာဉ်ပေါ်မှ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ဆာလာ အိတ်ကြီး(၁၂)အိတ်၊ စုစုပေါင်း ဆာလာအိတ် (၂၁) အိတ်အတွင်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါဆေးပြား ၇၉ . ၇၉၁ သိန်း၊ အလေးချိန် ၇၉၇.၉၁ ကီလို အား ဖမ်းဆီးရမိခဲ့ပါသည်။

ဆူဒိုအက်ဖီဒရင်းဆေးပြားများအား လက်ခံ သိမ်းဆည်း ထားသူ အောင်ဇော်ထွန်း အား မဟာအောင်မြေမြို့နယ်၌လည်းကောင်း၊ ဆူဒိုအက်ဖီ ဒရင်း ဆေးပြား များ ပိုင်ရှင် ဆန်သီးဗဟာဒူး(ခ)မျိုးအောင် ကို စစ်ကိုင်းမြို့၊နန်းဦး မြို့သစ်၊ မရှိခဏဘုရားအနီး၌ လည်းကောင်း ဖမ်းဆီး ရမိခဲ့ပါသည်။ ထို့ကြောင့် အဆိုပါအမှုမှ ဇော်ဝင်းနိုင်(ကျား)၊ ၄၉ နှစ်၊ ပြည်ကြီး ပျော်ဘွယ် အနောက် ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ထွာမီး(မ)၊ ၄၇ နှစ်၊(ဘ) ဦးထံဆိုင်းအ၊ ကြို့သုံးပင် ရပ်ကွက်၊ ကလေးမြို့၊ ဆန်သီးဗဟာဒူး (ခ) မျိုးအောင်(ကျား)၊ ၄၆ နှစ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးမြို့ နှင့် အောင်ဇော်ထွန်း (ခ) ဝမ်းတူးဖိုက်၊ ၃၁နှစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ နေသူတို့ ၄ ဦးအပေါ် အမှတ် (၆) နယ်မြေရဲစခန်း (မန္တလေး)တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရအရေး ယူထားကြောင်း သိရှိရသည်။

ဆက်လက်၍ မှုခင်းသတင်းဆက်များကို ဖော်ထုတ်ခဲ့မှုအရ ၁၈-၄-၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ပူးပေါင်း အဖွဲ့သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃)၊ ဖောင်တော်ရပ်၊ စိန်ပန်း ရပ်ကွက်နေ ညိုမောင် ၏ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ မြွေရေခွံ အိတ်ဖြင့် ထည့်လျက် Asmapax depot တံဆိပ် အက်ဖီဒရင်း ဟိုက်ဒရိုကလိုရိုဒ် အာနိသင်ပါဆေးပြား ၂.၆၈၅ သိန်း၊ အလေးချိန် ၁၃၄.၂၅ ကီလို အား သိမ်းဆည်း ရမိခဲ့ပါသည်။ သို့ဖြစ်၍ ညိုမောင်(ကျား) ၆၂ နှစ် စိန်ပန်းရပ်ကွက် မဟာအောင်မြေမြို့နယ် နေသူနှင့် ဇော်ဝင်းနိုင် (ကျား) ပြည်ကြီးပျော်ဘွယ် အနောက် ရပ်ကွက် ချမ်းအေးသာစံမြို့နယ်၊ ထွာမီး(မ) ကြို့သုံး ပင်ရပ်ကွက် ကလေးမြို့၊ ဆန်သီးဗဟာဒူး(ခ) မျိုးအောင်(ကျား) သီရိမာလာအရှေ့ရပ်ကွက် အောင်မြေ သာစံမြို့နယ်၊ မန္တလေးမြို့၊ အောင်ဇော်ထွန်း (ခ) ဝမ်းတူးဖိုက် ချော်ဆိပ်ရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ နေသူတို့ ၅ ဦးအပေါ် အမှတ်(၇) နယ်မြေရဲစခန်း (မန္တလေး)တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ အရအရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

0 အကြံပြုခြင်း: