Wednesday, April 23, 2014

မားစ်ဗိုင်းရပ်စ်ပိုး စောင့်ကြည့် ကာကွယ်ရေး မြန်မာ မစရသေး


7daydaily
အရှေ့အလယ်ပိုင်းနိုင်ငံ များမှ လာရောက်သော ခရီးသွား များနှင့် ထိုနိုင်ငံများမှ ပြန်လာသူ များကို ရန်ကုန်လေဆိပ်တွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှု မလုပ် သေးကြောင်း သတင်းရရှိသည်။

အရှေ့အလယ်ပိုင်းတွင် ပျံ့နှံ့နေသည့် မားစ်ဗိုင်းရပ်စ်ကူး စက်မှုထိန်းချုပ်ရေးအတွက် အ ရှေ့တောင်အာရှနိုင်ငံ အချို့က စတင်ဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အ တွင်းက ယူအေအီးနိုင်ငံမှ ပြန် လာသည့် ဖိလစ်ပိုင်နိုင်ငံသားတစ် ဦးတွင် အဆိုပါမားစ်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီး နောက်ပိုင်း အရှေ့ တောင်အာရှဒေသတွင် မားစ်ဗိုင်းရပ်စ်ပိုးပျံ့နှံ့လာမည်ကို ထိန်းချုပ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ထို့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မလေးရှားနိုင်ငံသားတစ်ဦးတွင်လည်း မားစ်ဗိုင်းရပ်စ် ပိုးကူးစက်ခံခဲ့ရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ အိုမန်စသည့် နိုင်ငံများ တွင် လူအသေအပျောက်ဖြစ်ပွား သည်အထိ ဖြစ်ပွားခဲ့သည့် အဆို ပါ မားစ်ဗိုင်းရပ်စ်ပိုး အရှေ့တောင် အာရှတွင်ပျံ့နှံ့လာမည်ကို ထိန်း ချုပ်ရန်အတွက် မလေးရှား၊ ဖိ လစ်ပိုင်အပါအ၀င် ဒေသတွင်း နိုင်ငံ တော်တော်များများသည် ရောဂါဖြစ်ပွားရာဒေသများမှ ပြန် လည်ရောက်ရှိလာသည့် သူများ အား စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။

သို့သော်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခရီးသွားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လတ်တလောစစ်ဆေးမှုများပြုလုပ်မှုမတွေ့ရှိ ရသေးကြောင်း လေဆိပ်တာဝန်ကျဝန်ထမ်းများက ပြောသည်။

0 အကြံပြုခြင်း: