Tuesday, April 1, 2014

ဦးဝင်းချိုနှင့် ဦး နေမျိုး ဇင်ပုဒ် မ ၁၈ ဖြင့် ထောင်၃လစီရင်ချက်တရား ရုံး မှ ချမှတ်


" ဦး ဝင်း ချို အား ပုဒ် မ ၁၈ ဖြင့် ထောင်3လစီရင်ချက် ဦး နေမျိုး ဇင် အပါ ဝင် ယနေ့ တရား ရုံး မှ ချမှတ်လိုက်ပါကြောငိး။"
ဦးဝင်း ချို fb အံတီသုံး ပေး နေပါသည်။


ဦးဝင်းချိုဖေ့ဘွတ်မှာဇနီးဖြစ်သူကတင်ပေးထားတဲ့စတေးတပ်လေးပါ။


Ma Nandar

လောဘ၊ ဒေါသ၊ အငြှိုးအာဃာတများ၊ နိုင်လိုမင်းထက်မှုများ ကြီးမားလှသော ဤအစိုးရအသိုင်းအဝိုင်းကြောင့် နစ်နာသူ၊ ချို့ငဲ့သူ၊ ဘုမသိ ဘမသိ ဒုက္ခရောက်ရရှာသူများအတွက် မိမိတို့ရဲ့ဘဝ တစိတ်တပိုင်းကို ပေးဆပ်ထားကြတဲ့ အန်ကယ် U Win Cho နဲ့ ကို Nay Myo Zin ကို ထောင်(၃)လချလိုက်ရုံနဲ့ ကြောက်လန့်ပြီး ယုံကြည်ချက်တွေပျောက်၊ နောက်ဆုတ်သွားမယ် ထင်လို့လား။


လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းချိုနှင့် ဦးနေမျိုးဇင် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
**********************************************************

သူဇာ ( ဧရာဝတီ ) April 1, 2014

“ဒီအမှုက ဒဏ်ငွေလည်း ချမှတ်လို့ရတဲ့ အမှုပဲ ။ အခုက ဒဏ်ငွေမဆောင်ခိုင်းဘဲ တခါတည်း ထောင်ချ ပစ်လိုက်တာ။ ကျောက်တံတားတရားရုံးက အမိန့်ချပြီးပြီးချင်း အင်းစိန်ထောင်ကို တခါတည်း ခေါ်သွားပါပြီ”
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြေယာသိမ်းခံ လယ်သမားများနှင့်အတူ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သော လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ ၂ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးတွင် လယ်သမား ၅၀၀ ကျော်နှင့်အတူ သိမ်းဆည်း ခံ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ပိုင်နက်ကျူးလွန်မှု ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူခံနေရသော လယ်သမား များ ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ၂ ဦးကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တရားရုံးက ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့ ၂ ဦးကို ရုံးချိန်း လေးကြိမ်မြောက်တွင် ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးဝင်းချို၏ ဇနီး ဒေါ်အေးအေးသန်းက ပြောဆိုသည်။
“ဒီအမှုက ဒဏ်ငွေလည်း ချမှတ်လို့ရတဲ့ အမှုပဲ ။ အခုက ဒဏ်ငွေမဆောင်ခိုင်းဘဲ တခါတည်း ထောင်ချ ပစ်လိုက်တာ။ ကျောက်တံတားတရားရုံးက အမိန့်ချပြီးပြီးချင်း အင်းစိန်ထောင်ကို တခါတည်း ခေါ်သွားပါပြီ” ဟု ဒေါ်အေးအေးသန်းက ပြောသည်။
အလားတူ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မိုးထိ မိုးမိ ရွှေလုပ်သားများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက် မရဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဝေဠုကိုလည်း အာဏာပိုင်များက ကျောက်တံတား မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၈ ရက်နေ့တွင် အမိန့်ချမှတ် မည်ဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေသည့် ဦးဝင်းချိုနှင့် ဦးနေမျိုးဇင် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)




ကိုနေမျိုးဇင်နဲ့ ဦးဝင်းချိုကို ထောင်ဒဏ် ၃ လစီချ

*************************************
နော်နိုရင်း (ဒီဗွီဘီ) 1 April 2014
အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ ဆန္ဒပြခဲ့လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ ၂ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်း ဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို့  ဧပြီ ၁ ရက် နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေပြီး ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံတာဖြစ်ပါတယ်။
အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိဘူးလို့ အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လယ်သမား အရေးအတွက် ခွင့်ပြုချက်မရဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာလို့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ နေခင်းပိုင်းမှာတော့ သူတို့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ဒီဗွီဘီကို ပြောပါတယ်။

DVB

0 အကြံပြုခြင်း: