Thursday, April 10, 2014

ထိန်းသိမ်းခံတော်ဝိကျေးရွာမေတ္တာရှင်အသင်းသား၇ဦးကိုကြိုဆို



Ko Myo
ရုံးရောက်ဂါတ်ရောက်ဒါပေမဲ့မင်္ဂလာရှိ

မြို့နယ်တရားရုံးကတရားသူကြီး
မြိုနယ်ရဲစခန်းကစခန်းမှုး
ပြည်သူ့ဝန်ထမ်းတွေနဲ့
ပြည်သူ့အတွက်စေတနာဝန်ထမ်း
ပရဟိတသမားတွေ
ကိုယ်ထမ်းရာဝန်ကို
ကျေပွန်အောင်ထမ်းရင်း
ဧပြီ ၉ ရက်နေ့
ညောင်လေးပင်မြို့နယ်
တော်ဝိကျေးရွာမေတ္တာရှင်အသင်းသား
ပရဟိတသူရဲကောင်း၇ဦးနဲ့
ကျေးရွာသူကျေးရွာသားတွေ
ပျော်ရွှင်ကြည်နူးဖို့
ဆောင်ရွက်ခဲ့ကြ

လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော နာရေးကားနှင့် လူနာတင်ကားနှစ်စီးကို လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦးလွတ်မြောက်လာ

နာရေးကားနှင့် လူနာတင်ကားနှစ်စီးကိုလိုင်စင်မဲ့ဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦးယနေ့လွတ်မြောက်လာကြောင်းသိရသည်။ ညောင်လေးပင်မြို့နယ် သော်ဝိကျေးရွာမှ အဆိုပါအသင်းပိုင်ကားနှစ်စီးမှာလိုင်စင်မဲ့ကားဖြစ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အသင်းဝင်ခုနှစ်ဦးသည် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ တို့ဖြင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့အဖမ်းခံခဲ့ရပြီးနောက် ယနေ့ ဧပြီ ၉ ရက်နေ့တွင်ညောင်လေးပင်မြို့နယ်တရားရုံးမှနောက်ဆုံးစီရင်ချက်အဖြစ်ထောင်ဒဏ်တစ်ပတ်နှင့် ဒဏ်ငွေတစ်သောင်း စီရင်ချက်ချခဲ့ကြောင်း ၊ချုပ်ရက်မှာ ၁၄ ရက်ဖြစ်နေ၍ အသင်းဝင်ခုနှစ်ဦးလုံး ယနေ့လွတ်မြောက်လာကြကြောင်း ၊ ရန်ကုန်နာရေးကူညီမူအသင်းအပါအ၀င်လူမူကူညီရေးအသင်းများကလည်း အားပေးရန်အတွက်ညောင်လေးပင်မြို့နယ်သို့ရောက်ရှိနေကြောင်း ရွာခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်းကပြောသည်။

0 အကြံပြုခြင်း: