Wednesday, April 2, 2014

အရှင်ဝီရသူအပါအ၀င် ယင်းလှုပ်ရှားမှုနှင့် ပုံမှန် အဆက် အသွယ်ရှိ


ကိုမင်းဇင် ရေးသားသည့် "မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံ အကျဘက် အလျင်အမြန် ဦးတည်နေသနည်း" ဘာသာပြန် ဆောင်းပါးမှ .....


သမ္မတသည် အမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်များတွင် အငြင်းပွားဖွယ် အဖြစ်ဆုံး တစ်ဦးဖြစ်သည့် အရှင်ဝီရသူအပါအ၀င် ယင်းလှုပ်ရှားမှုနှင့် ပုံမှန် အဆက် အသွယ်ရှိကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များက ကျွန်တော့် ကို ပြောကြားထားသည်။ အချို့သော လှုပ်ရှားမှုများ၏ ခေါင်းဆောင် ဘုန်းကြီးများ က သူတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ခြင်း အား ထောက်ခံမည် မဟုတ်ကြောင်း ရည်ညွှန်းပြောဆိုကြသည်။ ယင်းကို ပြင်ဆင်ခြင်းအားဖြင့် မွတ်စလင်များကို ကိုင်တွယ်ရာ၌ အားနည်း ချက် ဖြစ်လာမည်ကိုလည်းကောင်း၊ မဝေးလှသည့် အနာဂတ်တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူ သမ္မတဖြစ်လာမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့်ဖြစ်သည်။

အဆိုပါဘုန်းကြီးများသည် ဒါယကာ၊ ဒါယိကာမများအား ဒေါ်အောင်ဆန်းစုကြည် အစား ဦးသိန်းစိန်ကို မဲပေးရန် တောင်းဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရေးဝါဒကို လည်းကောင်း၊ ဗုဒ္ဓဘာသာကို လည်းကောင်း ကာကွယ်ရာတွင် အားနည်းလွန်းသည်ဟု သူတို့က ရှုမြင်ထားသောကြောင့် ဖြစ် သည်။ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာအား ထုတ်မှုများကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရန်ပင် မှတ်ချက်ပေးခံရဖူးသည့် ဦးသိန်းစိန်ကို တိုင်းရင်းသား အမျိုးသားရေးဝါဒီအဖြစ် ရှုမြင်လိုက်ခြင်းမှာ မဆီမဆိုင်ဖြစ်နေသည်။

0 အကြံပြုခြင်း: