Sunday, April 13, 2014

ကေအိုင်အေတပ်ရင်း ၂၇ ရဲ့ ပန်ခမ်းပါ အခြေစိုက်စခန်းကနေ ဆုတ်ခွာပေး



ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
==========================
RFA (12-4-2014)

ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာ အုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာ မနေ့ညက ကေအိုင်အေတပ်ရင်း ၂၇ ရဲ့ ပန်ခမ်းပါ အခြေစိုက်စခန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။

တပ်ရင်း ၂၇ အခြေစိုက် ပန်းခမ်းပါစခန်း ဆုတ်ခွာပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာအခြေစိုက် အမည်မဖေါ်လိုတဲ့ ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးက အခုလို ပြောပါတယ်။

"မနေ့က နောက်ဆုံးအခြေအနေက မိုးချုပ်ခါနီးမှာ ပန်းခမ်းပါ ဆိုတဲ့နေရာမှာ ဆုတ်ခွာတယ်လို့ကြား တယ်၊ ထိခိုက်ဒဏ်ရာရတဲ့အပိုင်းကတော့ ဘာမှမကြားသေးဘူး၊ အစိုးရဖက်ကလည်း မကြားဘူး၊ ကျနော်တို့ အဖွဲ့အစည်းဖက်ကလည်း မကြားဘူး"

မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ကေအိုင်အေတပ်ရင်း ၂၇ အခြေစိုက်စခန်းကို ဆုတ်ခွာပေးလိုက်ရတာ မှန်ကန်ကြောင်း ပြောပါတယ်။ ရက်အတော်ကြာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေဟာ တရုတ်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။


ခွန် ဒီးယမ်
စစ်အင်အားဖြည့်တင်းရန် တက်လာသော အစိုးရစစ်ကားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ
=============================================
ဧပြီ (၁၂)ရက် ညနေ (၃)နာရီ အချိန်ခန့် က မူဆယ် မှ နမ့်ခမ်း သို့ တက်လာသော စစ်သားအပြည့် တင်ဆောင်ထားသော အစိုးရတပ် 4WD ကားတစ်စင်း လမ်းတစ်ဝက် အရောက်တွင် Remote မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရ
ဖောက်ခွဲဖျက်ဆီး ခံရသော 4WD ကားတွင် လိုက်ပါလာသော အစိုးရတပ်သား (၂)ဦး သေ (၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဒဏ်ရာရရှိသူများ ယခုအခါ မူဆယ်ဆေးရုံသို့ ပို့ ထား
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရာ ကချင်-ရှမ်း နယ်စပ် တပ်ရင်း (၂ရ) နယ်မြေသို့ နေ့ စဉ်ရက်ဆက် အစိုးရတပ် မှ အင်အားတိုးချဲ့ ပို့ ဆောင်နေဆဲဖြစ်။

0 အကြံပြုခြင်း: