Tuesday, April 22, 2014

မန္တလေးတိုင်းဝန်ကြီးချုပ်ရဲမြင့် ဘာတွေလုပ်နေတာလဲ



ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် နယ်နမိတ်အစပ်ရှိ တောင်ပုလုရွာ၏ မြောက်ဘက်တွင်ရှိသော တောင်ကြီးပေါ်တွင် ကွမ်းအင်တရုတ်ကုမ္ပဏီက ဘိလပ်မြေစက်ရုံဆောက်ဖို့ ဆိုပြီးတော့ စမ်းသပ်အင်း ၄, ၅ အင်းဖောက်ပြီး ထွက်လာတဲ့ ကျောက်တွေကို ကားတွေနဲ့ ဘယ်သယ်သွားလဲ မသိပါ။ ပထမစတူးတော့ ကျွန်တော်တို့ ရွာသားတွေကို တစ်ရက်လုပ်အားခ ၅၀၀၀ကျပ် ပေးပြီတော့ ငှားပါတယ်။ နောက်တော့ သူတို့လူတွေ လေးဆယ်ကျော်လောက် ခေါ်လာပြီ တောင်ပုလုရွာသားတွေကို မခိုင်းတော့ပါဘူး။
    ထွက်လာတဲ့ ဗြုန်းကျောက်တွေကို ဂျပ်ဖာတွေနဲ့ ထည့်ပြီး ပါကင်ပိတ်ပြီး ထမ်းချခိုင်းခဲ့ဒါ လေးငါးလလောက် ကြာခဲ့ပါပြီ။ နယ်မြေခံ လူကြီးတွေကလဲ ဝန်ကြီးချုပ်ဦးရဲမြင့်က တိုက်ရိုက်ဆောင်ရွက်ခွင့်ပေးထားတာလို့ သိရလို့ မမေးရဲကြဘူးပေါ့။ ဘာတွေ အဖိုးတန်ထွက်လို့  ဂျပ်ဖာနဲ့ ပါကင်ပိတ်ပြီး သယ်ရဒါလဲ။ အလုပ်သမားတွေ ပြောချက်အရ စိန်နှင့် ရွှေဖြူ ထွက်တယ်လို့ ပြောနေကြပါတယ်။
   ဒါတွေမန္တလေးတိုင်းအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံးကို မတင်ပြဘူးလား?
သတ္တူတွင်းဝန်ကြီးဌာနကို မတင်ပြဘူးလား?
သယံဇာတတွေ ကုန်မှ စမ်းသပ်တူးဖော်တာ မအောင်မြင်ဘူးလို့ အကြောင်းပြကြမှာလား?
ခရိုနီနဲ့ ဝန်ကြီးချုပ်ပေါင်းလုပ် ပေါင်းစားနေတာ သေချာနေပါပြီ။ သင်္ကြန်မတိုင်မှီ (၃. ၄. ၂၀၁၄) ရက်နေ့က ဗြုန်းဗန်းလေး တစ်ဗန်းပျောက်တာနဲ့ အလုပ်သမားတွေ ဖြုတ်ပြီး လူသစ်တွေ ထပ်သွင်းထားတော့ ဒေသခံရွာသားတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ့်ရွာက သယံဇာတတွေတော့ ခိုးထုတ်နေကြပြီတော့ တောင်ကြီးတစ်တောင်လုံးပျောက်သွားမှ စမ်းသပ်တာ အောင်မြင်မှာလား?
သိသိကြီးနဲ့ အခံရခက်လှပါတယ်လေ
ဘယ်လိုလုပ်နေတာလဲလို့မေးချင်ပါတယ် ဝန်ကြီးချုပ်ရဲမြင့်ရယ်
အနီးကပ်နေပြီ တိုင်းဒေသကြီးမှာရှိတဲ့ အရင်းအမြစ်တွေကို ခရိုနီနဲ့ ပေါင်းရိုက်နေတာလားဗျာ

0 အကြံပြုခြင်း: