Monday, April 21, 2014

စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင်ကွယ်လွန်



စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014 ရက်နေ့ နံနက်၆နာရီခွဲ လောက်က
ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ်ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်ငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။

KayToe Burma

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဘရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဈာပနအခမ်းအနား မဖြစ်တာကိုလည်း စိတ် အနှောက်အယှက် ဖြစ်နေကြောင်း သိရှိရပါတယ်။ အဘ ဆုံးပြီး နာရီပိုင်း အကြာ မှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဘကိုယ်တိုင် ပြောခဲ့တဲ့ အဘဆန္ဒအတိုင်းသာ လုပ်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် နာရီပိုင်း အကြာ ကြတော့ ဘဘဦးတင်ဦး ဆီက ဖုန်းဝင်လာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘဘဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

အဘဦးဝင်းတင်ဟာ ဘူးဆိုရင် ဖရုံမသီးတတ်တဲ့ လူမျိုး ဆိုတာကို ကောင်းကောင်း သိတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘဦးဝင်းတင်ရဲ့ ဆန္ဒကို လိုက်လျောဖြည့်စည်းပေးဖို့သာ တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘဦးဝင်းတင် ကသာ သူ့ဈာပနကို "မစုနဲ့ NLD ကြိုက်သလို စီစဉ်ပါ" လို့ပြောခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဂုဏ်သရေအရှိဆုံး နှင့် မြန်မာပြည်သူတွေ အတွက် အောက်မေ့ဖွယ် အဖြစ်ဆုံး ဖြစ်အောင် ဦးဆောင် စီစဉ်မှာ ဖြစ်ပါတယ်။

အဘဦးဝင်းတင် ဖြစ်စေချင်တဲ့ ဆန္ဒကို အဘကိုယ်တိုင် ပြောပြအသိပေးခဲ့တယ် ဆိုတာ ..... အဲသည် ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်ပင် ပြုပြင်ပြောင်းလဲမွန်းမံခြင်း မရှိဘူး ဆိုတာကို အသိပေးခြင်းပါ။
(( ဒီမိုဖက်တီး ))

0 အကြံပြုခြင်း: