Saturday, April 19, 2014

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ်ထဲမှာမီးလောင်ပိတ်မိနေလို့ကယ်ထုတ်ဖို့ကြိုးစား



Shwe Su

ဥပဒေ ပညာရှင်များပါရင် ရှင်းပြပေးကြပါအုံး
============================
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၅ x ၂၃ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ်၌ ဧပြီ ၁၉ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကြားသိရပါတယ် ရှင့်။ မီးလောင်နေစဉ် အချိန်မှာလဲ ဦးရဲမြင့်မှာ အိမ်ထဲ၌ ရှိနေကြောင်း သတင်းများအရ သိရပါတယ် ရှင့်။
၎င်းဖြစ်စဉ် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဦးရဲမြင့်အား မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲ အရေးယူလို့ ရပါ၏လား။ ဦးရဲမြင့်မှာ လက်ရှိ မန်းတိုင်းဝန်ကြီးချုပ် ဖြစ်နေပါသဖြင့် ထိုဥပဒေမှာ အကျုံးမဝင်ပဲ ရှိပါ၏လား။ မီးလောင်မှုဖြစ်သော အိမ်မှာလည်း ဦးရဲမြင့်ပိုင်ဆိုင်သော ကိုယ်ပိုင်အိမ်မဟုတ်ဘဲ ဝန်ကြီးချုပ်နေထိုင်ရန် အစိုးရအိမ်တော် ဖြစ်သောကြောင့် ယခုကိစ္စ ဦးရဲမြင့်နှင့် လုံးဝ မသက်ဆိုင်နိုင်ပါကြောင်းလား ဆိုတာ..........
မီးလောင်နေစဉ် အချိန်တွင်းမှာလည်း မန္တလေးတစ်မြို့လုံး မီးသတ်ကားသံများဖြင့် လွှမ်းခြုံသွားကြောင်း ဆက်လက်ကြားသိရပါသည်။

0 အကြံပြုခြင်း: