Wednesday, April 30, 2014

၅၉(စ)ကို ပြင်ဖို့ စစ်ဗိုလ်ဘာကြောင့် ကြောက်နေကြသလဲ၊


“ထုံးစံအတိုင်း စစ်ဗိုလ်ချုပ်တွေက အခွင့်ထူးခံလူတန်းစားအဖြစ် ဆက်ရှိပါမယ်။ ပြည်သူတွေကို အနိုင်ကျင့်ခွင့် ဆက်ရပါမယ်။ သူတို့ဟာ ၀န်ကြီးကနေ သမ္မတအထိ အစိုးရအဖွဲ့ဝင် ရာထူးတွေကို သက်ဆိုင်ရာ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေမျှော်မှန်းခွင့် ဆက်ရပါမယ်။ ၀န်ကြီးဌာနတွေမှာ မိုးကျရွှေကိုယ် လေထီး စစ်သားလုပ်ပြီး အရာရှိအဆင့်နဲ့ လာဘ်စားခွင့် ဆက်ရပါမယ်။ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းခွင်တွေမှာ အဘတွေနဲ့ ဝေစားမျှစားလုပ်ပြီး ဆက်စားခွင့်ရပါမယ်။ တရားဝင်လခလေး တစ်သိန်း နှစ်သိန်းနဲ့ တိုက်ဆောက် ကားစီး ဆက်လုပ်ပြ ကြပါဦးမယ်။

တကယ်လို့ ၅၉(စ)ပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် အခြေအနေ ပြောင်းပြန်ဖြစ်သွား ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံပါ တခြားအချက်တွေ မပြောင်းနိုင်ဘူး ဆိုရင်တောင်သမ္မတက စစ်တပ်နောက်ခံ မဟုတ်တဲ့ အရပ်သား ဖြစ်လာဖို့ လိုပါတယ်။ ဒီအခါမှာ အရပ်သားသမ္မတက အရပ်သား ၀န်ကြီးတွေ ကိုသာ အဓိကခန့်ပါလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေအတွက် အလွန်ဆုံး မျှော်မှန်းနိုင်တာ အစိတ်သား အမတ် တစ်နေရာနဲ့ ၀န်ကြီး ၃ နေရာ (ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး) သာ ဖြစ်ပါတယ်။

ဒီအခါမှာ အရပ်သားဝန်ကြီးရဲ့ ၀န်ကြီးဌာနတွေကို စစ်တပ်က မိုးကျရွှေကိုယ်လုပ်ပြီး ၀င်လို့ မရတော့ပါဘူး။ ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်သားဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်မှု ကို လွန်ဆန်ပြီး စားခွင်ဖန်ဖို့ ခက်သွားပါပြီ။ အရပ်သားတွေ ကိုင်တွယ်တဲ့ တရားဥပဒေအောက်မှာ စစ်ဗိုလ်ချုပ်တွေဟာ အခွင့်ထူးခံဆိုတဲ့ အဆင့်ကနေ အလိုလို လျှောကျသွားပါပြီ။ ပြည်သူသာအဓိကဆိုတဲ့ အခြေအနေကို ပြန်ရောက် သွားပါမယ်။ စစ်ဗိုလ်တွေ အတွက် စစ်တန်းလျားမှာ တရားဝင်လခနဲ့ ခံစားခွင့် အနည်းငယ်ကလွဲလို့ တခြားသူဌေးဖြစ် မျှော်မှန်းစရာ ဘာမှ မရှိတော့ပါဘူး။
ဒါကြောင့် ဒီ ၅၉(စ) ပြင်ဆင်ရေး ကိစ္စကို စစ်တပ်က အရာရှိ စာရင်းဝင် ပုဂ္ဂိုလ်တွေနဲ့ နောင်တစ်ချိန် အရာရှိ ဖြစ်လာနိုင်သူအားလုံး နေစရာမရှိအောင် ကြောက်ပါတယ်။ အထူးသဖြင့် အကျိုးခံစားခွင့်မျှော်မှန်းပြီး စစ်ထဲ ၀င်လာတဲ့ သူတွေက ပိုကြောက်ပါ တယ်။ ဘယ်သူ သမ္မတဖြစ်ဖြစ် အောက်ခြေစစ်သားတွေဘ၀ ဒီထက်ဆိုးဖို့ မရှိတော့ပေမယ့် လက်ရှိအရာရှိတွေ၊ အရပ်ဘက်မှာ အရာရှိ ဖြစ်လာနိုင်ချေရှိတဲ့ သူတွေကတော့ စားခွက် ပျောက်သလို ခံစားရပါလိမ့်မယ်။ ၅၉(စ)ဆိုတဲ့ အသံကြားတိုင်း အိပ်မက်ဆိုးတွေ မက်ကြပါလိမ့်မယ်။”

(Credit -  Zin Thaw Naing - http://luthuorthan.blogspot.com/2014/01/blog-post_11.html)

0 အကြံပြုခြင်း: