Saturday, April 5, 2014

မအူပင်မြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်



The Myanma Age

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခုဆန္ဒထုတ်ဖော်မှုမှာ ဒုတိယအကြိမ်ဖြစ်ကာ ခွင့်ပြုချက် မရရှိထားကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများသည် မအူပင်မြို့နယ် NLD ပါတီရုံးမှ မင်းလမ်းအတိုင်း စီတန်းလှည့်လည်၍ ကမ်းနားလမ်းမှတဆင့် ရေလဲလမ်း၊ ခိုင်သစ္စာလမ်းထိပ်မှ ၉ လမ်း NLD ပါတီရုံးသို့ နံနက် ၁၁ နာရီ ၃ဝ မိနစ်တွင် ပြန်လည်ဝင်ရောက်ခဲ့ပြီး စီတန်းလှည့်လည်ခြင်းကို ရပ်နားခဲ့သည်။

ယင်းစီတန်းလှည့်လည်ခွင့်အား ကြိုတင်ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှ သံဃာတော်များ စာဖြေပွဲ ရှိသည်ဟုဆိုကာ ခွင့်ပြုမိန့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ၅၉ (ဃ) (စ)၊ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ စီတန်းလှည့် လည်ခဲ့ကြသည်။

မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြီးခဲ့သည့် မတ် ၂၈ ကလည်း လူအင်အား ၆ဝဝကျော် က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

0 အကြံပြုခြင်း: