Tuesday, March 11, 2014

ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့်လိုက်ပါသွားခဲ့သူ သူတို.(၂) ဦး



ခိုးယူခံထားရသည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ်
လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာKazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု
ထိုင်းရဲအရာရှိများက ပြောကြားခဲ့သည်။

Ali က ဥရောပ ရှိနေအိမ်များသို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက်
ဟုဆိုကာ လေ ယာဉ်လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊
ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်
ပေးချေသွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
 Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့
ဘယ်လို ဆက်စပ်နေကြသည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာ
စောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း
database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း
ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ်စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)
၏ အတွင်းရေးမှူးချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

Source: CNN
http://www.dawnmanhon.com/2014/03/mh370-kazem-ali.html#sthash.2iaPKker.dpuf

မုတ်ဆိတ်နှင့်သူမှာအီတလီစာအုပ်ကိုင်သူဖြစ်ပြီးအခြားတဦးမှာသြစတြီးယားစာအုပ်ကိုင်သူဖြစ်သည်။
လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ
သားဖြစ်ပြီးကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

အိရန်နိုင်ငံရဲ့အခြေအနေက Asylum ခံဖို့လွယ်တော့ အိရန်နိုင်ငံသားတွေဘန်
ကောက်မှာထိုင်ပြီးလုပ်စားလို့ကောင်းတဲ့နေအချိန်မှာအာရှတိုက်သား
ရုပ်ရည်များမဟုတ်ဆိုတဲ့စကားကရယ်စရာပါ၊အာရပ်တွေထဲမှာဒီလိုရုပ်တွေမှ
အများကြီးပါ၊ Terrorists မဟုတ်ရင် CNN မှာပါသလိုဂျာမဏီမှာနေဖို့သွားတာ
ဖြစ်နိုင်ပါတယ်၊

ဥရောပသားသူ့နိုင်ငံပြန်ချင်ရင်သံရုံးထောက်ခံစာရွက်တခုထဲနဲ့ပြန်လို့ရတယ်၊
CNN မှာပါသလိုလေယာဉ်ကပင်လယ်အော်တခုကိုကျော်လာပြီးနောက်ပင်လယ်
အော်အလယ်လောက်ရောက်မှခုနကဖြတ်လာတဲ့ပင်လယ်အော်ဆီကိုတြိဂံပုံ၃၀ဒီ
ဂရီလောက်နဲ့နောက်ပြန်လှည့်လာပြီးပထမပင်လယ်အော်အလယ်လောက်အ
ရောက်မှပျောက်သွားတာ၊နောက်ပြန်လှည့်လာတာတော်တော်ကြာတာတောင်
ဘာကြောင့်ပြန်လှည့်လာတယ်ဆိုတာမြေပြင်ကိုအကြောင်းမကြားတာတော့
Mystery ပါပဲ၊

(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)

0 အကြံပြုခြင်း: