Friday, March 21, 2014

ပြည်သူတွေ ဒုက္ခရောက်အောင် NLD လွှတ်တော်ထဲမှာ ဘာမှ မလုပ်ခဲ့ဘူး



Nld Nld Myanmar
လွှတ်တော်ထဲမှာ NLDဘာလုပ်နေလဲ. ဘာတွေလုပ်ပြနိုင်ပြီလဲလို့ ခနဲ့ချင်တဲ့သူတွေသိအောင်ပြောပြမယ်..
ဟုတ်တယ် လွှတ်တော်ထဲမှာ NLD ဘာမှမလုပ်ပါဘူး.
ခုလက်ရှိမီတာခ တိုးကောက်ဖို့ အဆိုလည်း မတင်သွင်းဘူး..
(ကန့်ကွက်ဖို့ ငါးကြိမ်မြောက်ထိရပ်တာတောင် မိုက်မရလို့ ဆွေးနွေးခွင့်မရ)
ပိုင်ဆိုင်မှုကြေငြာဖို့ အဆိုလည်း မကန့်ကွက်ဘူး..
ဘင်္ဂလီ ခိုးဝင် ဝှိုက်ကဒ်ကိုင်တွေ မဲပေးခွင့်ရရေး ပါတီထောင်ခွင့်ရရေးလည်း မထောက်ခံခဲ့ဘူး..
ပြည်သူတွေကြ အခွန်တိုးကောက်ပြီး ခရိုနီတွေရဲ့ သယံဇာတအခွန်ကျ ၅၀%လျှော့ချဖို့လည်း မထောက်ခံခဲ့ဘူး။
ခရိုနီအတွက် ဘာအဆိုမှမတင်သွင်းသလို
ပြည်သူကို ဒုက္ခရောက်စေမယ့် ဘယ်အဆိုမှလည်း မထောက်ခံခဲ့ဘူး...ပြောရမယ်ဆိုရင်တော့ဗျာ NLD လွှတ်တော်ထဲမှာ ဘာမှမလုပ်ဘူး(ပြည်သူဒုက္ခရောက်အောင်)။

0 အကြံပြုခြင်း: