Tuesday, March 11, 2014

၁၉ နှစ်အရွယ် အီရန် လူမျိုးတစ်ဦး ခိုးယူထားသော ပတ်စ်ပို့စ်ဖြင့် ပျောက်ဆုံးနေသော မလေးရှား လေယာဉ်တွင် လိုက်ပါခဲ့


မြန်မာ့ခေတ်

မတ်လ ၁၁ ရက်၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော မီဒီယာ ရှင်းလင်းပွဲ၌ မလေးရှား ရဲတပ်ဖွဲ့ဝင် အမျိုးသမီးမှ အီရန် လူမျိုးတစ်ဦး၏ ဓာတ်ပုံကို ကိုင်ဆောင်ပြသခဲ့သည်။ ၎င်းပုဂ္ဂိုလ်မှာ ခိုးယူထားသော ပတ်စ်ပို့ဖြင့် ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် အမှတ် MH370 တွင် လိုက်ပါသွားကြောင်း အာဏာပိုင်များမှ ပြောဆိုခဲ့သည်။လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခိုးယူထားသော ပတ်စ်ပို့စ် နှစ်ခု အသုံးပြုသည့် လူနှစ်ယောက်အနက် တစ်ယောက်မှာ အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှု ရှိ၊ မရှိ မသိရှိရသေးသော ၁၉ နှစ်အရွယ် အီရန်လူမျိုး ပိုရီယာ နော မိုဟာမက် မယ်ရာဒက် ဟု သိရှိရကြောင်း အာဏာပိုင်များမှ မီဒီယာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မယ်ရာဒက်မှာ ဂျာမနီ၏ ကာကွယ်စောင့်ရှောက်မှု ခံယူရန် ကြိုးစားသည့် ပုံပေါ်လျက် ရှိကြောင်းနှင့် မိခင်ဖြစ်သူမှ မယ်ရာဒက် ရောက်ရှိမလာခဲ့သည့်အတွက် ဖရန့်ဖွတ်ရှိ အာဏာပိုင်များကို အကြောင်းကြားခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်အဘူဘက္ကာမှ ပြောဆိုခဲ့သည်။ အခြား ခိုးယူထားသော ပတ်စ်ပို့စ်ဖြင့် လိုက်ပါသွားသူကို အသိအမှတ် မပြုနိုင်သေးပေ။ပျောက်ဆုံးနေသော လေယာဉ်နှင့် ပတ်သက်ပြီး ကောလဟာလများ ထွက်ပေါ်နေသည့်ကြားမှ ယခု ကြေငြာချက်မှာ ပထမဆုံး သေချာသည့် သတင်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အာဏာပိုင်များမှ လူပေါင်း ၂၃၉ ယောက် ပါဝင်သည့် ပျောက်ဆုံးသွားသည့် ဘိုးအင်း 777 ကို ပျောက်ဆုံးသွားသော နေရာအပြင် အခြားသော ဆန့်ကျင်ဘက် နေရာများကိုလည်း တိုးချဲ့ရှာဖွေလျက် ရှိသည် ။

လေယာဉ် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုနှင့် အခြားသော ဖြစ်နိုင်ဖွယ်ရာ အကြောင်းအရာများကို လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များထံတွင် မည်သည့် အကြောင်းအရာကိုမှ စုံစမ်းစစ်ဆေးသူများမှ ရှာဖွေတွေ့ရှိမှု မရှိကြောင်း ခါလစ်မှ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်ကိုမှ ရရှိခဲ့မှု မရှိကြောင်းလည်း ပြောဆိုခဲ့သည်။ပျောက်ဆုံးနေသော လေယာဉ်မှာ စနေနေ့ အစောပိုင်းတွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ မလေးရှားကို ကျော်ဖြတ်ခဲ့ပြီး ထိုင်းပင်လယ်ကွေ့ အရှေ့ပိုင်းသို့ ပျံသန်းနေစဉ်တွင် ရေဒါ မျက်နှာပြင်ပေါ်မှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ လေယာဉ် မောင်းသူများမှလည်း ရုတ်တရက် ကြုံတွေ့နိုင်သည့် ဘေးအန္တရယ်များအတွက် မည်သည့် သတင်းအချက်အလက် ပေးပို့မှုမျှ မပြုလုပ်ခဲ့ကြောင်းကိုလည်း လေကြောင်းလိုင်းမှ ပြောဆိုခဲ့သည်။

လေယာဉ် အနေဖြင့် ကွာလာလမ်ပူသို့ ပြန်လည် ဦးလှည့်နိုင်သည့် ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်များမှ လေ့လာခဲ့ကြသည်။ အကယ်၍သာ လေယာဉ်အနေဖြင့် ဦးပြန်လှည့် မောင်းနှင်ခဲ့ပါက ဖြစ်နိုင်ဖွယ်ရာ ပျက်ကျမှုမှာ အနောက်ပိုင်း ကမ်းခြေနားတွင် ဖြစ်ပြီး ပျောက်ဆုံးခဲ့သည့် နေရာ၏ အခြားတစ်ဘက် ဖြစ်သည်။ သို့ရာတွင် ၎င်းကဲ့သို့ လေယာဉ် ပြန်လှည့် မောင်းနှင်ခဲ့ပါက မည်သည့် အတွက်ကြောင့် ရေဒါပေါ်တွင် ဆက်လက် မပေါ်ခဲ့ကြောင်းကို အာဏာပိုင်များနှင့် လေကြောင်းလိုင်းမှ ဖြေရှင်းမှု မပေးနိုင်ခဲ့ပေ။ “ အကုန်လုံးကို လိုက်ပြီး ကြည့်ရှုနေပါတယ်။ ကျွန်တော်တို့ ဘယ်လို ဖြစ်နိုင်ဖွယ်ရာမျိုးကိုမှ မသက်မှတ်ထားရသေးပါဘူး ” ဟု မလေးရှား လေကြောင်းလိုင်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။
လေယာဉ် အနေဖြင့် နောက်ပြန်လှည့်ဖွယ် ရှိခဲ့ကြောင်းကို စစ်တပ်သုံး ရေဒါတွင် တွေ့ရှိရသည်ဟု မလေးရှား လေတပ်မှ အကြီးအကဲက ပြောဆိုခဲ့သည်။
ဖြစ်နိုင်ဖွယ်ရာ သဲလွန်စများမှလည်း ပျောက်ဆုံးနေသည့် လေယာဉ်ဆီသို့ ရောက်ရှိမှု မရှိကြောင်း၊ ဆီကွက် နမူနာ၊ သမုဒ္ဒရာတွင် တွေ့ရှိရသည့် အဝါရောင် အရာများ စသည်တို့မှာလည်း လေယာဉ် ပျောက်ဆုံးမှုနှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်းကို အာဏာပိုင်များမှ ပြောဆိုခဲ့သည်။

REF: ABC News


)

0 အကြံပြုခြင်း: