Wednesday, March 26, 2014

အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟုကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ကပြော



မွန်းလွဲ ၁း၀၀ နာရီတွင် ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ပခုက္ကူရဲစခန်းမှာ ရောက်နေပါသည်။

စခန်းမှူးက ပုဒ်မ ၁၈ ဖြင့် တရားဆွဲမည်ဟု ပြောပါသည်။ တရားဆွဲပြီးလျှင် အာမခံပေးမည် ဟု ပြောပါသည်။ ပြီးလျှင် ခံဝန်လက်မှတ်ထိုးရမည်ဟု ပြောပါသည်။

ကိုပြုံးချိုအပါအ၀င် ၅ ဦးစလုံးက ခံဝန်မထိုးပါ။ အာမခံမယူပါ။ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟု ပြန်ပြောပါသည်။

(မွန်းလွဲ ၁း၁၅ နာရီ)

နောက်ဆုံးမှာတော့
===========
ကိုပြုံးချို၊ မမီးမီး၊ နီလာသိန်းနှင့် ဒေသခံတို့ ပခုက္ကူ ခရိုင်ရုံးထဲမှ ယခု ပြန်ထွက်လာကြပြီဟု သိရ။

( မွန်းလွဲ ၃း၃၀ နာရီ)

by Ant Bwe Kyaw.


၈၈ မျိုးဆက် ကျောင်းသားများမှ ကိုပြုံးချို၊ မနီလာသိန်း နှင့် မမီးမီးတို့ ၃ ဦးအား ပခုက္ကူရဲစခန်းမှ ပုဒ်မ၁၈ ဖြင့် ယနေ့အမှုဖွင့် တရားစွဲဆိုလိုက်သည် ဟု သတင်းရရှိပါသည်။

(မ မေမီဦး)

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို အပါအ၀င် ရှစ်ဦး သည်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးမြို့၊ ဒေသခံများ၏ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

0 အကြံပြုခြင်း: