Thursday, March 20, 2014

ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်နိုင်ခြေရှိသော အပျက်အစီး အစိတ်အပိုင်းအစနှစ်ခု



 Mar 20, 2014
ပျောက်ဆုံးမလေးရှားလေယာဉ်မှ ဖြစ်နိုင်ခြေရှိသော အပျက်အစီး အစိတ်အပိုင်းအစနှစ်ခုကို သြစတြေးလျ ရှာဖွေတွေ့ရှိ၊
လေယာဉ်၏ အပိုင်းအစများ ဟုတ်၊မဟုတ် စစ်ဆေးရမည်ဖြစ်သောကြောင့် အချိန်ယူရမည်ဖြစ်




DVB TV News


နော်ဝေ ကားတင်ကာဂိုသဘောင်္ HOEGH ST. PETERSBURG ဟာ ပျောက်ဆုံးလေယာဉ် #MH370 နဲ့ဆက်စပ်နိုင်ဖွယ်ယူဆရတဲ့ အပိုင်းအစ၂ခုကို သြဇီဂြိုလ်တုက တွေ့ရှိထားတဲ့ ဧရိယာကို ပထမဆုံး ရောက်ရှိလာတဲ့ သဘောင်္ဖြစ်ပါတယ်။ အဲဒီ့သင်္ဘောဟာ မက်ဒက်ဂစ်စ်ကာကနေ မဲလ်ဘုန်းကို သွားနေရာကနေ သြစတြေးလျ ရေကြောင်းအာဏာပိုင်တွေရဲ့ အကူညီတောင်းခံမှုနဲ့ ၀၈၀၀ GMT မှာ အဲဒီ့ဧရိယာနားကို ရောက်ရှိခဲ့ပါတယ်။ အခုလက်ရှိမှာ ရာသီဥတု အခြေအနေအရနဲ့ ညပိုင်းရောက်နေတာကြောင့် ရှာဖွေရေး မစတင်နိုင်သေးဘူးလို့ သိရပါတယ်။
ဆက်သွယ်ရေးဂြိုလ်တုကနေ ဖမ်းယူတွေ့ရှိတဲ့ သြစတြေးလျ အနောက်ကမ်းခြေဘက် ရေပြင်ထဲက ၂၄မီတာနဲ့ ၅မီတာလောက်စီ အရှည်ရှိတဲ့ အရာဝထ္ထု (၂)ခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် #MH370 နဲ့ ဆက်စပ်နိုင်ခြေရှိတယ်လို့ သြဇီဝန်ကြီးချုပ် တိုနီအဘော့က ကြာသာပတေးနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ Perth မြို့နဲ့ အနောင်တောင်ဘက် ကီလိုမီတာ ၂၅၀၀လောက်မှာ တွေ့ရှိရတဲ့ အဲဒီ့အရာဝထ္ထုကို အတည်ပြုနိုင်ဖို့အတွက် သြစတြေးလျ စစ်လေယာဉ် ၂စင်း၊ အမေရိကန်နဲ့ နယူးဇီလန် လေယာဉ် တစ်စင်းစီ သွားခဲ့ပေမယ့် ပင်လယ်ပြင်ရာသီဥတုအခြေအနေအရ ရှာမတွေ့ဖြစ်ပဲ ညနေပိုင်းမှာ ပြန်လှည့်လာခဲ့ကြပြီး ရှာဖွေရေး လုပ်ငန်းတွေကို သောကြာမနက်မှ ပြန်လည်စတင်ပါမယ်။

0 အကြံပြုခြင်း: