Wednesday, March 19, 2014

လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .




Sai Naing Soe Win

လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .
လယ်တီသိမ်ကြီး ရွှေ့သွားပြီလား ဒကာကြီး . . .

ကျောင်းပေါ်မှာ ဝေဒနာ ကဲရင်း မေးနေ တက်တဲ့ လက်ပံတောင်းဒေသ ၁၄၄ အထုတ်
 ခံထားရတဲ့ ဆည်းတည်းကျေးရွာရဲ့ ကျောင်းထိုင်ဆရာတော်ကြီး အခုတော့ ဒီမနက်
၅ နာရီကျော်မှာ စိတ်ဖိစီးမှုများစွာ နဲ့ ပျံလွန်တော် မူသွားခဲ့ပါပြီ ။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နုယ် ၊ လက်ပန်တောင်းတောင်
ဒေသမှ ပြောင်းရွှေ့ခံ ရွာတစ်ရွာဖြစ်သော ဆည်တည်းကျေးရွာမှ နှစ်ပေါင်းတစ်ရာကျော်
ပြီဖြစ်သော အောင်မြေမြင်သာ ကျောင်းဆရာတော် ဦးပညာဝံသ သက်တော်(၆၀) နှစ်
သည် လယ်တီသိမ် မဖြစ်မနေ ပြောင်းရွှေ့ရမည် ဆိုသည့် သတင်းကြားပြီးချိန်မှ စ၍
 နှလုံးရောဂါ သိသိသာသာ တိုးလာပြီး ယနေ့နံနက် ၅နာရီခန့်တွင် သာသနာ့မြေပျက်
စီးပျောက်ဆုံးရတော့မည့်အရေး၊ ဒေသ၊သဘာဝ၊ရေ ၊ မြေ ၊ တောတောင် နှင့် ဒကာ
 ဒကာမများ၏ အဖြစ်ဆိုးများအရေး စိတ်ဖိစီးမှု များစွာဖြင့်
ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သတင်းပေးပို့လာပါသည် ။

ဆရာတော်သည် ဒေသခံတောင်သူလယ်သမားများနှင့်အတူလက်ပတောင်းတောင်ကြီး
အားကာကွယ်စောင့်ရှောက်နေကြသောလက်ပတောင်းတောင်ဒေသပြည်သူ့အကျိုး
စီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ ကြီးအား တတ်အားသမျှကူညီပံ့ပိုးခဲ့သော
ဆရာတော်တစ်ပါးဖြစ်ပါသည်။

သာသနာ့အမွေအနှစ်ကိုတန်ဖိုးထားပြီးမည်သည့်အခွင့်အရေးမျှမယူဘဲအောင်မြေမြင်
သာကျောင်းကြီး မပြောင်းရွှေ့ရေးအတွက် ကြံ့ကြံ့ခံရပ်တည်ခဲ့သော သာသနာ့
အာဇာနည် သံဃာတော်မြတ်တစ်ပါးလည်းဖြစ်ပါသည်။

ရပ်နီး ရပ်ဝေး ရဟန်း ရှင်လူ ကျောင်းသား ကျောင်းသူ အများပြည်သူများမှ ဆရာတော်
ဘုရားကြီး၏ ဘုန်းကြီးပျံ နှင့် လယ်တီသိမ်၏ နောက်ဆုံး အချိန်များအတွက် ကြွရောက်
ဝိုင်းကူ ကြပါရန် ဖိတ်ကြား အပ်ပါသည် ။

လယ်တီသိမ်ကြီး ၂၆ ရက်နေ့ ရွှေ့မယ်ကြားရပါသည် အရှင်ဘုရား လို့ မလျှောက်တင် ရက်ခဲ့လို့သာ . . .

ရွာသူ ရွာသားများ ပြောဆိုလာမှု နှင့် ဆရာတော်ဘုရားကြီး ၏ နောက်ဆုံးအချိန်များကို
 ဆက်လက် ရေးသားဖော်ပြ သွားပါမည် ။

လက်ပံတောင်းတောင်ဒေသအကျိုးစီးပွား နှင့် လယ်တီသိမ် ကာကွယ်ရေးကော်မတီ ယာယီ (ရန်ကုန်)

0 အကြံပြုခြင်း: