Sunday, March 30, 2014

မုံရွာမြို့ သဲသောင်ပြင် မှာ ပြုလုပ်မဲ့ ၅၉(စ) မပြင်ရေး ဟောပြောပွဲရဲ့ နောက်ကွယ် က ဘယ်သူတွေရှိနေတာလဲ


ThanLarWaddy Times
မုံရွာမြို့မုံရွာတောင်ရပ်ကွက်မှာရှိနေတဲ့သဲသောင်ပြင်မှာငြိမ်းချမ်းစွာစုဝေးခွင့် နဲ့ ဟောပြောခွင့် ဆိုပြီးတော့ လျှောက်ထားလာတဲ့ လျှေက်လွှာက
ရန်ကုန်မြို့ မှာ နေတဲ့ ဦးနေမျိုးဝေ က မုံရွာကိုမလာဘဲ လျှေက်လွှာက ခြေထောက်ပေါက်ပြီးရောက်လာလေတာလား? မဟုတ် ပါဘူးတဲ့ ၀န်ကြီးချုပ် ဦးသာအေး ထံကနေပြီး ခြေထောက်ပေါက်ပြီးတော့ ရောက်ရှိလာတာပါလို့ မုံရွာမြို့မိ မြို့ဖတစ်ဦးကဆိုလိုက်ပါတယ်။ စုဝေးခွင့် တင်တဲ့ အင်အားက တစ်သောင်း ဆိုတော့
မများလှပါဘူး မြို့နယ်ရဲတပ်ဖွဲ့မှူးကြီးကြူအင်း နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီး ညွန့်စိုး တို့က အင်အားများလို့ဆိုပြီးတော့
ဒီတစ်ခါဘာလို့ ဈေးမဆစ်ဘဲပေးလိုက်ကြရတာလည်းအချိန်အတိုင်းအတာအနေနဲ့ကရောကြည့်ပါအုံးတော့နံနက်(၇)နာရီကနေပြီး နေ့လည်(၁)နာရီ
အထိဆိုတော့လုံခြုံရေးပေးဘို့အချိန်များနေလို့ဆိုပြီးတော့ ဈေးမဆစ်ကြတော့ဘဲ ဘာလို့များ လိုလိုချင်ချင်လိုက်ရောလိုက်ကြတာလဲ။တစ်ခြား
တစ်ခြားသောဆန္ဒထုတ်ဖော်ပွဲတွေဆိုရင်လမ်းကြောင်းဈေးဆစ်၊အချိန်ဈေးဆစ်၊အင်အားဈေးဆစ် တဲ့ရဲတပ်ဖွဲ့မှူးကြီးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးကြီးတို့က
ဘာလို့များဈေးမဆစ်ဘဲ သဘောတွေစွတ်ကောင်နေကြရတာလည်း (၂၃)ရက်နေ့မှာလုပ်တဲ့၅၉(စ)ပြင်ရေးလူထုဆန္ဒထုတဖော်ပွဲမှာအင်အား
(၃၅၀၀)တင်တာ များနေလို့ လမ်းကြောင်းရွေးတာများလို့ ဆိုပြီး အကုန်လျှော့ချပစ်ခဲ့တာ ရဲအင်အားမလုံလောက်လို့ ဆိုတော့ အခုရက်ပိုင်းအတွင်း
 မှာဘဲ ရဲအင်အားက နတ် ပြည် ကများ ပို့လွတ်လိုက်လို့ များသွားလေတာလားဗျ ရဲမှူးကြီးတို့ရေ....
ဒီနေညနေမှာမြို့နယ်စီမံခန့်ခွဲမှုကော်မတီကအကြီးအကဲကြီးတစ်ဦး ပြောနေတာကတော့ အင်အား(၃၅၀၀)လောက် တိုင်းပြည်ခိုင်ဖြိုးပါတီရုံး မှ အဲဒီ
ပွဲကြီးကို တက်ရောက်ဘို့ ရောက်ရှိနေပြီတဲ့ နောက်ပြီးတော့ မုံရွာမြို့နယ်အတွင်းရှိတဲ့ ရပ်ကွက်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို အင်အား(၃၀) လောက်စီထုတ်ခိုင်းထားတာအခုညနေတော့အင်အားလျှော့တဲ့အနေနဲ့တစ်ရွာတစ်ရပ်ကွက်ကို(၁၂)ယောက်စီဘဲထုတ်ကြရတော့
မယ်ဆိုပါလားဗျာ။ အဲဒီ ပွဲမှာ ပါတဲ့ နောင်တော်လေး ဆိုလားဘဲ အဲဒီသူငယ်က ဘာလဲတစ်ချိန်ကHOTNEWSဂျာနယ်ကအခုလိုမျိုးတွေလုပ်လို့အလုပ်
ကနေထွက်ခိုင်းလိုက်တဲ့ သူငယ်လေးဆိုလားဘဲဗျို့။
ကဲကျွန်တော်ပြောချင်တာ မေးချင်တာကတော့၅၉(စ)မပြင်ရေးလူထုအသိ
ပညာပေးဟောပြောပွဲကြီးရဲ့ နောက်ကွယ်ကဘယ်သူတွေများရှိနေတာလဲ?
လို့ မေးလိုက်စမ်းချင်ပါဘိတော့နှယ် .....။

မုံရွာသား မောင့်သက်ထား

0 အကြံပြုခြင်း: