Saturday, March 8, 2014

မြစ်ဆုံကိစ္စက ၂၀၁၅ ဟိုဘက်အလွန်မှာ တိုင်းပြည်ကို ခေါင်းဆောင်ချင်တယ် ဆိုတဲ့ လူတွေကို မေးရမှာ(ဦးရဲထွဋ် - ဒုဝန်ကြီး)




မြစ်ဆုံကိစ္စက ၂၀၁၅ ဟိုဘက်အလွန်မှာ တိုင်းပြည်ကို ခေါင်းဆောင်ချင်တယ် ဆိုတဲ့ လူတွေကို မေးရမှာဗျ၊ သူတို့ကိုပဲ မေးသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ပြော တာပဲ၊ သူ့ကိုမမေးနဲ့၊ အစိုးရ ကို မေးလို့ပြောတာပဲ။ ဒါပေမဲ့ အမေရိကန် နိုင်ငံမှာ ကြည့်မယ်ဆိုရင် သမ္မတလောင်းတွေ အားလုံးက ကိစ္စရပ် အားလုံးအပေါ် သူ ဘာလုပ်ချင်တယ် ဆိုတာကို တိတိကျကျ ပြောတာပဲလေ။ ဟုတ်တယ် မဟုတ်လား။ သမ္မတတော့ လုပ်ချင်တယ်။ ဒါပေမဲ့ ကိုယ်သမ္မတဖြစ်ရင် ဘာလုပ်မယ် ဆိုတာ ကတော့ မပြောသေးဘူး။ သိချင်ရင် လက်ရှိ အစိုးရ သွားမေးလို့ ဘယ်သမ္မတလောင်း မှ မဖြေဘူး။ ဘယ်ဒီမိုကရေစီ နိုင်ငံမဆို ၀န်ကြီးချုပ်ပဲ လုပ်ချင်လုပ်ချင်၊ သမ္မတပဲ လုပ်ချင် လုပ်ချင် သူလုပ်ချင်တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်မယ့် တိုင်းပြည်ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်သာ တာဝန်ယူရရင် ဘယ်လိုမူဝါဒနဲ့ လုပ်မယ်ဆိုတာကို တိတိ ကျကျပြောရတာပဲ။ အဲဒီတော့ သမ္မတကြီး အနေနဲ့ ၂၀၁၅ အလွန် ဘာဖြစ် ပါတယ်ဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို သူမချပေးသေးဘူး။ ဆုံးဖြတ်ချက်ချ ပြီးတော့ ပြောနေတဲ့လူတွေကို ခင်ဗျားတို့ အရင်မေးကြည့်ရင် ပိုကောင်း မှာပေါ့။

ဦးရဲထွဋ်

ယခုအပတ်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်မှ


KhineKhine Naywin အဲဒါဆို ဒေါ်စုကို ခြေဥပြင် သမ္မတပေးလုပ် မယ်ဆိုတဲ့သဘောလားပာင်

Chit Ko Ko ဖြေ မယ် လေ စာ ချုပ် ပြ စာ ချုပ် မ ကြည့် ဘဲနဲ့ ဘယ် လို ဖြေ ရ မှာ လည်း သမတ ကြီးက စာ ချုပ် ကြည့် ပြီးပြီ လေ အဲတော့ အ ပြီး မ ရပ် ရဲလို့ ခဏ ရပ် ထား တာ ပေါ့ အ မေရိကန် မှာ က ဖြေ ရဲ တာ ပေါ့ စာ ချုပ် တွေ က ပွင့် လင်း မြင် သာ ပြီး ပြည် သူ ကို ချ ပြ တယ် လေ မြန် မာ ပြည် မှာ ဘယ် စာ ချူပ် ကပွင့် လင်း လည်း ပြော

Wynne Mfl စာချုပ်ချပြလေ ဘယ်ကောင်တွေ ပွဲစားခ တနင့်တပိုးစားထားလဲ ထုတ်ပြလေ

Tun Tun Oo ယောကျာင်္းပီသစွာ သူတို့ အ၇ှုပ် ထုပ် ကို သူများခေါင်းပေါ် ပစ်တင်တယ် ပြောတတ်လိုက်တဲ့ ပါးစပ် ဘယ်တုန်းကမှ ဘယ်လိုတာဝန်ယူပါတယ်ဆိုတဲ့စကား မထွက်ဖူးဘူး၊ သက်တမ်းသာစေ့တော့မယ် ၊သူများကိုတော့ ထိုးထည့်ဖို့ ၀န်မလေးတဲ့ သူ၇ဲကောင်းတွေပဲ ရှက်လိုက်တာ သူတို့အစား

U Htin Aung ပါ ပါတယ်ဗျာ စာချုပ်ကို မကြည့်ရလို့ မဖြေနိုင်ပဘူးလို့ အမြဲပြောပါတယ် ။ကျေးဇူးမကန်းနဲ့နော ။လက်ပန်းတောင်းမှာ ဒေါစုကယ်ထားလို့ ။

Thein May နေရာသာဖယ်ပေးလိုက်၊ဒေါ်စုကြည့်လုပ်လိမ့်မယ်၊မေးခွန်းထုတ်နေမနေနဲ့


1 အကြံပြုခြင်း:

Htun Aung Kyaw said...

ရဲ ထွဋ် မင်း သူတောင်းစားမရဲ့ ထမီ စုပ် သာ ဝတ် ထားလိုက် တော့။ နိုင် ငံ တော် သမ္မ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပါစပ် က ဒီ စကားမျိုး ထွက် တာ အောက် တန်း ကျတယ်။ အေးလေ မင်း တို့ ဘယ်တုန်း ကမှ အဆင့် အတန်း မရှိတာ ကို။