Thursday, March 20, 2014

သိက္ခာ ရှိတဲ့ နိုင်ငံရေး ( ဒေါ်အောင်ဆန်းစုကြည်)



ဒီမိုကရေစီနိုင်ငံမှာဆိုရင် ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ် တာဝန်ယူရမယ်။ နောက်ဆုံးကိုယ်ပဲ တာဝန်ယူရမယ်၊ ကိုယ်ရွေးလိုက်တဲ့ သူကို လည်း ကိုယ်ရွေးလိုက်ခြင်းအားဖြင့် တာဝန်ပေးတာပဲ။ ကိုယ့်ရွေးတဲ့သူကို ဘယ်လို လူမျိုး ရွေးတယ် ဆိုတာ ကိုယ့်မှာတာဝန်ရှိတယ်။

ကိုယ်ရွေးပြီးမှ မကြိုက်ပါဘူးလို့ ပြောနေလို့ရှိရင် ဒါလည်းပြောပိုင်ခွင့် ရှိပါတယ် ။ ရွေးတာတော့ မှားနိုင်တာပေါ့။ နောက်တစ်ခါ မမှားစေနဲ့ပေါ့။ ဒီလိုပဲ လုပ်ရမှာပေါ့။

ဟိုဘက်က နိုင်လို့နိုင်တဲ့သူ ကို ချော်လဲအောင် လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာ ရှိတဲ့ နိုင်ငံရေး မဟုတ်ဘူး။

သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်း တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။

ဒေါ်အောင်ဆန်းစုကြည်
၁၉-၃-၂၀၁၄ ၊ နေပြည်တော်
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်

0 အကြံပြုခြင်း: