Monday, March 17, 2014

အမျိုးဘာသာ၊ သာသနာကို တရားဥပဒေစိုးမိုးစွာနဲ့ စောင့်ရှောက်ချင်ရင်



 Nay Thiha
အချို့အာဏာပြင်းရှသူတွေများ ဒီလို ကိုရင်ငယ်လေးကို တရိုတသေ လက်အုပ်ချီဖို့မပြောနဲ့ တိပိဋကတ်ဆရာတော်ကအစ ကိုရင်ငယ်အဆုံး ထောင်ချ၊ သင်္ကန်းဆွဲချွတ်၊ စစ်ဖိနပ်နဲ့ကန်၊ ဆဲဆိုထိုးကြိတ် လုပ်ခဲ့ကြပြီး ၂၀၀၇ မှာ သံဃာတွေကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ဝင်စီးခဲ့ကြတယ်။ အခုလိုပွင့်လင်းလာတဲ့ အချိန်ရောက်နေပါပြီ ဆိုပြန်တော့လည်း လက်ပံတောင်းမှာ သံဃာတော်တွေကို မီးသင်္ကန်းဆပ်ကပ်လိုက်သေးတယ်။ မကြာသေးခင်အချိန်ကလည်း ယင်းမာပင်မြို့နယ် အုံတုံပင်ရွာမှာ သံဃာတော်တစ်ပါးကို အင်အားသုံးပြီး ဒဏ်ရာရအောင် နှိပ်စက်ခဲ့သေးတယ်ဗျ။ အဲဒီလို အဖြစ်အပျက်တွေကို သာမာန်အရာရှိတွေက အမိန့်ပေးလို့ မရပါဘူး။ လယ်ပြင်မှာ ဆင်သွားနေသလို ရှင်းလွန်းလှပါတယ်။ ၂၀၁၅ ရောက်တော့မယ်။ ၂၀၁၄ မှာ ကြားဖြတ်ရွေးကောက်ပွဲက စက်တင်ဘာလထဲမှာ ကျင်းပမယ့် အခြေအနေရှိတယ်။ အမျိုးဘာသာ၊ သာသနာကို တရားဥပဒေစိုးမိုးစွာနဲ့ စောင့်ရှောက်ချင်ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးကြပါလို့ တိုက်တွန်းနှိုးဆော်ပါရစေခင်ဗျာ။

0 အကြံပြုခြင်း: