Monday, March 10, 2014

ဦးတင်ဦးနှင့် ၈၈ မျိုးဆက်တို့ ရွှေညဝါဆရာတော် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

r

The 88 Generation Peace and Open Society
NLD နာယက ဦးတင်ဦးနှင့် ၈၈ မျိုးဆက်တို့ ရွှေညဝါဆရာတော် ဘုရားကြီးဦးစီးသော ရဋ္ဌပါလရွှေပြည်အေးစေတီ တော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပူဇော်
===================================
ယနေ့ မတ်လ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ရွှေညဝါတောရသာသနာ့ရိပ်သာတွင် ပြု လုပ်သော ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး နှင့် မှော်ဘီမြို့နယ် NLD အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး၊ မစန်းစန်းမော်၊ မသဉ္ဇာခိုင်၊ မမာယာ၊ မတင်ဉ္ဇာဦးတို့ သွားရောက် ပူဇော်ခဲ့ကြသည်။

ထိုနောက် ရွေညဝါဆရာတော်အား ဖူးမြော် ကန်တော့ခဲ့ကြပြီး နေ့လည် ၁၁ နာရီတွင် ထီးတော်တင် အခမ်းအနားမှတစ်ဆင့် မှော်ဘီမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မြို့နယ်ရုံးသို့ သွားရောက်ခဲ့ကြပြီး မှော်ဘီမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းကြောင်း အတွေ့အကြုံနှင့် အခြေခံဥပဒေပြင်ဆင်ရေး အတွက် အရေးကြီးသော ပုဒ်မ (၄၃၆) နှင့်စပ်လျဉ်းပြီး နာယက ဦးတင်ဦး၊ ၈၈မျိုးဆက် ကိုကိုကြီးတို့မှ ရှင်းပြဆွေးနွေးခဲ့ကြသည်

0 အကြံပြုခြင်း: