Wednesday, March 19, 2014

အစိုးရ၏ တာဝန်မဲ့မှုကို ဖွင့်ချပြီ



( ၀ံသာနု မြတ်သိန်းထွန်း )

ပြန်ပေးဆွဲခံခဲ့ရတဲ့ တပ်မတော်သား ၃ ယောက်နဲ့ ပတ်သက်ပြီး ပြောပြမယ်။
သူတို့ ကို ပြန်ပေးဆွဲရတဲ့ အကြောင်းရင်းက ဖမ်းခံထားရတဲ့ ဘင်္ဂလီထွန်းအောင်နဲ့ အလဲအလှယ် လုပ်ချင်လို့။ အဲလိုဖမ်းသွားပြီးနောက်ပိုင်း ဒီလူတွေအသက်ရှင်လား သတ်လိုက်ပြီလား ဆိုတာ မြန်မာအစိုးရဖက်က မသိသေးဘူး။ ဘင်္ဂလားဖက်က သတင်းပေးတွေဆီက ဒီလူတွေကို မသတ်ရသေးဘူးဆိုတဲ့ ခိုင်လုံတဲ့ မျက်မြင် သက်သေပေးတဲ့ သတင်း ၀ံသာနုဆီရောက်လာတယ်။ သိသိချင်းပဲ ၀ံသာနုက အစိုးရကို အကြောင်းကြားတယ်။ ဒါပေမယ့် ဒီလူတွေကို ချုပ်ထားတဲ့နေရာက ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲမှာ။ အစိုးရဖက်က ဘာမှတုန့်ပြန်သံ မကြားရဘူး ။ နောက်ပြီးတော့ အဲဒီအကြမ်းဖက်ဘင်္ဂလီအဖွဲ့ကို ဘင်္ဂလားစစ်တပ်ထဲက အရာရှိ အဆင့် ပုဂ္ဂိုလ်တချို့က နောက်ကွယ်ကနေ အကူအညီပေးနေတာတွေ ရှိတယ်။ သူတို့ ၀တ်တဲ့ယူနီဖောင်းနဲ့ လက်နက်တချို့ဟာ ဘင်္ဂလားစစ်ဖက်ကနေ ရထားတာ။ ဘင်္ဂလား အစိုးရဖက်က အစွန်းရောက်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပေ မယ့် အစိုးရအဖွဲ့ထဲမှာရော၊ အတိုက်အခံပါတီတွေထဲမှာပါ အစွန်းရောက်တွေ ကို ထောက်ခံနေတဲ့လူတွေ ရှိတယ်။ မြန်မာဖက်ကို တစ်ချက် စဉ်းစားစရာရှိနေတာက ခုလက်ရှိအချိန်မှာ ထောင်ချခံထားရတဲ့ ဒေါက်တာထွန်းအောင် ဘယ်ကိုရောက်နေလဲ ၀ံသာနုက ခုချိန်ထိမသိသေးဘူး။ တော်တော်များများလည်း မသိကြဘူး။ ပြန်ပေး ဆွဲမှုဖြစ်ပွားတဲ့အချိန်တုန်းကသာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားနဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒီအကြမ်းဖက်စခန်းကို ၀င်စီးချင်တယ်ဆိုရင် ၀ံသာနုအနေနဲ့ တတ်နိုင်တဲ့ ဖက်က ချိတ်ဆက်ကူညီပေးလို့ရတယ်။ အဲအတိုင်းပဲ ကမ်းလှမ်းခဲ့တယ်။ အဲဒီ သတင်းအချက်အလက်တွေရဖို့ ၀ံသာနုဝိုင်းတော်သားတွေ ဘယ်လောက် ထိ ငွေကုန်ကြေးကျခံခဲ့တယ်ဆိုတာ အဲတုန်းကပါဝင်ခဲ့တဲ့လူတွေ အသိဆုံးပဲ။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။

အစိုးရအနေနဲ့ တခြားနိုင်ငံ ပိုင်နက် ထဲရောက်သွားတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပေမယ့် ဒီကိစ္စကို ဒီထက်ပိုပြီး အလေးအနက်ထား စိတ် ပူပန်တဲ့ အရိပ်အရောင် မပြခဲ့တာ ကိုတော့ ဘယ်လိုမှနားလည်ပေးလို့မရဘူး။ ဒီ တပ်မတော်သား သုံးဦးဟာ တာဝန် ထမ်းဆောင်တာမှာတောင် ရိုးရိုးတာဝန် ထမ်းဆောင်တာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အနောက်စည်းရိုးကို ကာကွယ်ဖို့ ခြံစည်း ရိုးခတ်နေတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတယ်။

ဒီလူတွေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်တယ်။ ဘာမဟုတ် တဲ့ ပြည်သူတွေ ကတောင် ဒီလောက်ထိ အလေးအနက်ထားတဲ့ ကိစ္စကို နိုင်ငံတော် အနေနဲ့ ပိုပြီးတော့တောင် အလေးအနက်ထားသင့်တယ်။ ဒီအကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်သူမှမသိသေးတဲ့ အချက်တစ်ခုကတော့ ခု သူတို့ ၀တ်ပြနေ တဲ့ ပျောက်ကြားယူနီဖောင်းဆိုတာ ဓာတ်ပုံရိုက်ခံဖို့ရယ်၊ ရွာထဲသွားရင် ဘင်္ဂလား စစ်သားလိုပုံစံ ဟန်ဆောင်ဖို့ဝတ်တာလောက်ပဲ သုံးတယ်။ တောထဲမှာနေရင် အရင် ကာကီရောင်ယူနီဖောင်းပဲ ၀တ်တယ်။ လက်ရှိအင်အား လေ့ကျင့်ပြီး ရာဂဏန်းနဲ့ စုဆောင်းထားတာ ထောင်ဂဏန်းနီးပါးရှိတယ်။ ၀ံသာနုဆီမှာ တင်ပေးလို့မရတဲ့ ဓာတ်ပုံ အထောက်အထားတွေရှိတယ်။

အဓိကပြောချင်တာက နိုင်ငံတော်ရဲ့ ပြည်သူတွေအပေါ် အလေးအနက် မထားတဲ့ အချက်ပဲ။ အဲဒီအချိုးတွေနဲ့ ပြည်သူဆီကမေတ္တာကို ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီလောက်ပဲ ပြောချင်တယ်။


0 အကြံပြုခြင်း: