Tuesday, March 4, 2014

အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အခမ်း အနားဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီ တယ်ဆိုရင်


Daily Eleven

လိင်တူချစ်သူနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို The Voice ၊ 7 Day ၊ Democracy Today အစ ရှိသည့် သတင်းစာများတွင်လည်း ဂုဏ်ယူစရာ သတင်းတစ်ရပ် အနေဖြင့် ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၌ လိင်တူလက်ထပ်ခြင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တားမြစ် ထားပြီး ကျူးလွန် ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်အထိ သတ်မှတ်ထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ တွင် "မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့် ဖြစ်စေ၊ မိမိ အလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမ စပ်ယှက်မှုကို ပြုလုပ် လျှင် ထိုသူကို တစ်သက် တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်း ထားသည်။

ထိုကဲ့သို့ ဥပဒေရှိလျက်နှင့်ပင် လိင်တူချစ်သူ အမျိုးသားနှစ်ဦး၏ မင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့၌ ခမ်းနားစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗဟန်းမြို့နယ် ရဲစခန်းကမူ Excel Treasure ဟိုတယ်၌ ပြုလုပ်ခဲ့သော မင်္ဂလာ အခမ်းအနားနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အခမ်း အနားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့ စုံစမ်းပြီးတော့ စစ်ဆေးသွား ပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီ တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွား ပါမယ်" ဟု ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်း က မတ် ၃ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။

0 အကြံပြုခြင်း: