Sunday, March 30, 2014

သန်းကောင်စာရင်းကောက်နေချိန်သပိတ်စခန်း၂ခုကိုဝင်ဖျက်

RFA Burmese

မြို့တော်ခန်းမရှေ့က သပိတ်စခန်း ဖြိုခွဲခံရ
စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန်ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာဝန်ထမ်းတွေနဲ့ အရပ်သားတချို့ခေါ် လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော် မှာ ဝင်ရောက်ဖျက်သိမ်းလိုက်ပါတယ်။

အလားတူ ဝါဝါဝင်းကုမ္ပဏီက မြေသိမ်းထားတာကို သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ယာ အနီးက သပိတ်စခန်းရဲ့ အမိုးအကာတွေကိုလဲ ဒီမနက် အစောပိုင်းမှာပဲ အာဏာပိုင်တွေက ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။


မတ်လ ၃၀ ရက်
နံနက်(၃) နာရီမှာဆူးလေရှိ  မိချောင်းကန်သပိတ်စခန်းအား
ရဲတပ်ဖွဲ.များ၊ စည်ပငင်သာယာဝန်ထမ်း၊ နေ.စားအလုပ်သမားများ၊
စွမ်းအားရှင်များမှ ဖြိုဖျက်
နေ့စားဝန်ထမ်းတွေလက်ထဲမှာဝါးဒုတ်တွေကိုင်ထား

မတ်လ ၃၀ ရက် မနက် ၇ နာရီမိချောင်းကန်သပိတ်စခန်း
===============================
ပြည်သူတွေအိပ်ပျော်နေတဲ့အချိန် နံနက်(၃) နာရီမှာ မိချောင်းကန်သပိတ်စခန်းအား
ရဲတပ်ဖွဲ.များ၊ စည်ပငင်သာယာဝန်ထမ်း၊ နေ.စားအလုပ်သမားများ၊ စွမ်းအားရှင်
များမှ ဖြိုဖျက်မှုခံရပြီးနောက် နံနက်(ရ) နာရီမြင်ကွင်းများ။



(Kyaw Soe Naing)

ပြည်သူတွေအိပ်ပျော်နေတဲ့အချိန် မတ်လ ၃၀ ရက် နံနက်(၄:၃၀ နာရီ) နာရီမှာ
တာမွေမြို.နယ် မြန်မာ့ဂုဏ်ရောင်သပိတ်စခန်းကိုလည်းအားအင်အားသုံး ဖြိုဖျက်

0 အကြံပြုခြင်း: