Monday, March 31, 2014

ဦးဝင်းတင်ကျန်းမာရေးအခြေအနေ တိုးတက်လာသော်လည်း စိတ်မချရသေး



Monday 2014-03-31
ထွန်းခိုင်
7daydaily

ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသော ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေသည် တိုး တက်မှုရှိလာသော်လည်း စိတ်ချ ရသည့်အနေအထား မရောက်ရှိသေးကြောင်း အနီးကပ်စောင့် ရှောက်နေသူများကပြောသည်။

‘‘အခြေအနေကလည်း အခုဟာက တိုးတက်ပါတယ်။ သို့ သော်လည်း စိတ်ချရလောက်တဲ့ တိုးတက်မှုတော့ မဟုတ်သေးဘူး။ ဒါ ၃၀ ရက် နေ့ခင်းပိုင်းမှာထွက်လာတဲ့ သုံးသပ်ချက်ပေါ့ဗျာ’’ဟု ဟံသာဝတီဦးဝင်းတင်ကို အနီးကပ် ပြုစုစောင့်ရှောက်နေသည့် ဦးဇော်မျိုးအောင်ကပြောသည်။

ဆေးဝါးကုသမှုပေးရန်အတွက် ဦးဝင်းတင်အား ရန်ကုန်ဆေးရုံကြီးအပါအ၀င် သမားတော်ကြီး ကိုးဦးပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထားပြီး အနီးကပ် ဆေးဝါးကုသမှုပေးနေကြောင်း ဦးဇော်မျိုးအောင်ကပြောသည်။

ဦးဝင်းတင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ လုပ်ဆောင်မှုမှာ ကောင်းမွန်နေသော်လည်း အဆုတ်ထဲမှ လေထွက်သည့် ဝေဒနာဖြစ်ပွားနေကြောင်း အနီးကပ် စောင့်ရှောက်နေသူများက ပြောသည်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် ဆေးဝါးကုသမှုခံယူနေသည့် ဦးဝင်းတင်ထံ NLD နာယကဖြစ် သူဦးတင်ဦး၊ နိုင်ငံရေးအသိုင်း အ၀ိုင်းမှ ဦးအေးသာအောင်၊ဦးသာဘန်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်/ကျဉ်းဟောင်းများ အစရှိသည့် ပုဂ္ဂိုလ်များအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်လည်း လာရောက်ကြည့်ရှုခဲ့သည်။

0 အကြံပြုခြင်း: