Saturday, March 22, 2014

သမ္မတလုပ်နိုင်လောက်သည့် အရည်အချင်းများမရှိကြောင်း ဦးအောင်သိန်းလင်း ဝန်ခံ



 ရန်ကုန်တိုင်းမ်ဂျာနယ်

အွန်လိုင်း ဖေ့စ်ဘွတ်ခ်စာမျက် များတွင် လတ်တလော ပျံ့နှံ့နေခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း က မိမိတွင် သမ္မတလုပ်နိုင်လောက် သည့် အရည်အချင်းများမရှိကြောင်း ဝန်ခံရှင်းလင်းခဲ့သည်။

''ကျွန်တော့်ထက် အတွေ့အကြုံ ရှိတဲ့သူတွေ အများကြီးပါ။ သမ္မတလုပ် ချင်တယ်လို့လဲ မပြောခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ လတ်တလော အခြေအနေတွေ ကိုကြည့်ပြီး အားမလိုအားမရ ဖြစ်မိတာ တော့ မှန်ပါတယ်''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ရှင်းပြသည်။

အွန်လိုင်းစာမျက်နှာများမှ သတင်း အရတော့ ယခင်က ရန်ကုန်မြို့တော် ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်သိန်းလင်းအနေဖြင့် နိုင်ငံ တော်သမ္မတ တာဝန်ထမ်းဆောင်ရန် ပင် အတွေ့အကြုံများ ရှိသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထုတ် ဂျာ နယ်တွင် ဖော်ပြခဲ့သည်ဟုဆိုသည်။

''မြေသိမ်းယာသိမ်း ပြဿနာတွေ နဲ့ပတ်သက်ပြီး နစ်နာတဲ့ တောင်သူများ ကို ပြန်ပေးနိုင်ဖို့အတွက် လုပ်ပိုင်ခွင့် အာဏာရှိတဲ့သူ ဖြစ်ချင်တဲ့အကြောင်း တော့ ပြောခဲ့ဖူးတယ်။ သမ္မတရာထူးကို တော့ မှန်းလဲ မမှန်းရဲပါဘူး''ဟု ဦးအောင် သိန်းလင်းက ဆိုသည်။

လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲတွင်တော့ ¤င်းတို့ပါတီမှ ပေးအပ်သည့် တာဝန်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟု လက်ရှိ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အ တည်ပြု ပြောခဲ့သည်။

1 အကြံပြုခြင်း:

lagon ein said...

ပွင့်လင်းတယ်။ ကောင်းတယ်။