Monday, March 17, 2014

ဝန်ကြီးဌာနစားပွဲပေါ်မှာ ၃သိန်းအောက် လက်ဆောင်တွေ တရားဝင်ထားခွင့်ရှိပြီ။

တရာယူလဲလာဒ်ပဲ၊၃သိန်းယူလဲလာဒ်၊၂၀၁၅မတိုင်မှီအမွေဆိုးတွေ
တရားဝင်ပေးနေတာလားဦးသိန်းစိန်ရယ်၊
မှတ်ပုံတင်လိုချင်ရင်၃သိန်း၊ကားလိုင်စင်လိုချင်ရင်၃သိန်းလက်ဆောင်
ပေးရမည်ဆိုတဲ့ဆိုင်းဘုတ်တွေတရားဝင်ချိတ်ခွင့်ပြုလိုက်သလိုပါပဲလား၊




Aung Kyaw Oo
ဈေးကွက်စီးပွားရေးတွေဖြစ်လာတော့လည်း သမ္မတကြီးရဲ့ အလိုတော်အရ အခု နေပြည်တော်၊ မန်းလေး၊ ရန်ကုန်တွေမှာ နှစ်သိန်း၉သောင်းတန်အထူးလက်ဆောင်ဆိုင်တွေဖွင့်ရင်ကောင်းမလားပဲ။ လာပြီးပြန်သွင်းရင် ၂၀ရာခိုင်နှုန်းနဲ့ပဲလက်ခံပေါ့။သမ္မတကြီးအပြစ်မဟုတ်ပါဘူးအေ။ အခုခေတ်က table moneyပေးရင်အနည်းဆုံး၁၀အထက်နဲ့ လက်မှတ်ကြီးရင်ကြီးသလိုပေးနေရတယ်။ သူတို့လို သိန်းဆယ်ဂဏန်းထိုးတာတောင် အာသာမပြေ ရာဂဏန်းတောင် အယားမပြေဖြစ်နေတဲ့ သူတော်စင်ကြီးတွေ၊ လာဘ်မစားရ လာဘ်ပေးလာဘ်ယူတို့ရန်သူပြောထားတာတောင် လာဘ်စားနေကြတဲ့သူတွေ ၃သိန်းထက်ပိုတဲ့လက်ဆောင်ယူရင် လာဘ်ပေးလာဘ်ယူမြောက်တယ်ဆိုတဲ့ သူတော်ကောင်းဘုရားဒကာ ဘုန်းမြင့်သူစကားကို မှတ်သားလိုက်နာထားကြပါ။ အရင်က လိမ်ညာပြီး ခိုးပြီး လာဘ်စားတာ။ အခု ဝန်ကြီးဌာနစားပွဲပေါ်မှာ ၃သိန်းအောက် လက်ဆောင်တွေ တရားဝင်ထားခွင့်ရှိပြီ။ သုံးသိန်းကျော်ရင်တော့ အိမ်က မိန်းမကို ဖုန်းဆက်ပေးမယ်။ အိမ်မှာပဲသွားပေးထားလိုက်ပါ။ တရားဝင်မဟုတ်လို့ စားပွဲပေါ်တင်ထားရင်ကြည့်မကောင်းဘူး။ ဟူး ပြည်သူ့အကြိုက်လိုက်ပြီး သူတော်ကောင်းဟန်ဆောင်ပြရတဲ့ဘဝက နေပူထဲဇာတ်ကရသလိုပါပဲ။ နေမြင့်လေ အရူးရင့်လေလိုမျိုး ဇာတိရုပ်တွေပေါ်လာတယ်
်။ အာဏာရူး ဥစ္စာရူးတွေရဲ့ မတရားလာဘ်စားမှုတွေပေါ်ကုန်ပြီ။အရူးရင့်လာလို့ ကိုယ့်ပေါင်ကိုယ်လှန်ပြတာ။ သနားကြပါဟယ် ငါတို့ဘဝက ၃သိန်းအောက်လက်ဆောင်လေးပဲ တရားဝင် ပြည်သူတွေဆီက အမြတ်ထုတ်လို့ရတဲ့ ဓမြကြီးတွေဘဝရောက်နေလို့ပါ။



ဒီမို ဖက်တီး
အစိုးရ ၀န်ထမ်းများ တရားဝင်လက်ခံနိုင်တဲ့ တံဆိုးလက်ဆောင်တန်ဖိုးကို ဒေါ်လာ ၃၀၀ နီးပါး သတ်မှတ်ခြင်းဟာ နိုင်ငံတကာစံနှုန်းနှင့် အညီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာဆိတ်ဖွားက The Void Weekly မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ရာမှာ ပြောကြားခဲ့ပါတယ် ။
"ယူအင်လို အဖွဲ့အစည်းမျိုးမှာ လက်ဆောင်တန်ဖိုးကို ၆ ဒေါ်လာသာ သတ်မှတ် ထားပေမယ့် ကျနော်တို့ နိုင်ငံဟာ LCD စာရင်းက မထွက်သေးတာကြောင့် အခုလို တိုးမြှင့်သတ်မှတ်လိုက်တာ ၊ နောက် တင်းကြပ်တဲ့ ဥပဒေမျိုးဆိုရင် ချိုးဖောက်သူများ လာမှာကို အခုလို အသွင်းကူးပြောင်းရေးကာလမှာ မပြုလုပ်တာပါ" လို့ ဒေါက်တာ ဆိတ်ဖွားက ဆက်လက်ပြောကြားသွားပါတယ် ။
ပြီးခဲ့တဲ့ သီတင်းကျွှတ်ကာလတွင် ၄င်းအားလာရောက်ကန်တော့ ဂါရ၀ပြုသူ ဘယ်နှစ်ဦးခန့်ရှိပါသလဲဟု The Void သတင်းထောက်၏ မေးမြန်းမှုကိုတော့ ဖုန်းချဖြေကြားသွားပါတယ် ။
The Void Weekly

0 အကြံပြုခြင်း: