Saturday, March 1, 2014

ဝန်ကြီးဦးအုန်းမြင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့များကို နေပြည်တော်တွင်တောင်းပန်


 မန်းမျိုးမြင့် မီဒီယာ

မတ် ၁ - ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ - မန်းမျိုမြင့်(မီဒီယာ)

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် ယခင်လကပြောဆိုခဲ့သည့် ၎င်းပြောဆိုချက်များနှင့်ပတ်သက်၍ သန်းခေါင်စာရင်းဆိုင်ရာကိစ္စအတွက် နေပြည်တော်သို့ရောက်ရှိနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့်ကိုယ်စားလှယ်များကို ခွင့်လွတ်ပေးပါရန် တောင်းပန်ခဲ့သည်။

တောင်းပန်မှုကို ယနေ့နံနက်က နေပြည်တော်ရှိ ရတနာသင်္ခဟော်တယ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသမားများကို စော်ကားခြင်းမဟုတ်ဘဲ ဒေါသအလျှောက် အပြောအဆို မှားယွင်းသွားခြင်းသာဖြစ်သည်ဟုလည်း ၀န်ကြိးဦးအုံးမြင့်ကပြောသည်။

0 အကြံပြုခြင်း: