Sunday, March 2, 2014

“နိုင်ငံရေးသမားများ”“တက်ကြွလှုပ်ရှားသူများ”


U Win Cho
မီဒိယာ ဆရာများကလည်း မေးတတ်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရပ်သား အစိုးရ လက်ထက်မှာ “ပါတီတွေ၊အသင်းအဖွဲ့ တွေက “နိုင်ငံရေးသမားတွေ” ကို စစ်ဆေး၊၊မေးမြန်း၊ဖမ်းဆီးတာမျိုး မရှိသလောက် ရှားပေမဲ့ ဦးဝင်းချို တို့လို “တက်ကြွ လှုပ်ရှားသူ”တွေကိုတော့ တရားစွဲတာ၊ဖမ်းဆီးထောင်ချတာတွေ ရှိနေတဲ့ အပေါ် ဦးဝင်းချို အမြင်လေး ပြောပေးပါ.။“တက်ကြွ လှုပ်ရှားသူ” နဲ့ “နိုင်ငံရေးသမား” ရဲ့ ကွာခြားမှု ကိုလည်းပြောပြပေးပါ.........တဲ့။

“နိုင်ငံတော်ဖွံ့ဖြိုးရေး ”အတွက် စီမံကိန်းတွေ ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ကြတဲ့ “နိုင်ငံရေးသမားများ” ကို “အပြုသဘောဆောင်သော ချဉ်းကပ်မှု” လို့ သဘောထားပြီး ပူးပေါင်းဆောင်ရွက်မှု ကို လက်ခံထားတဲ့ အခြေအနေမို့ သူတို့ကို မဖမ်းတာပေါ့ဗျာ။

ကျနော်တို့က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး” အတွက် အနှောင့်အရှက်ဖြစ်နေတဲ့ “အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့“ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊” “အဂတိ လိုက်စားမှုတွေ”တာဝန်မကျေပြွန်မှုတွေ” “လုပ်ပိုင်ခွင့်ဘောင် ကျော်လွန်လုပ်ဆောင်မှု ကြောင့် ပြည်သူတွေဒုက္ခရောက်နေမှုတွေ“ ကိုဖေါ်ထုတ်တင်ပြပြီး အရေးယူပေးဘို့ တောင်းဆိုတာ ဖြစ်တဲ့ အတွက် “အပြုသဘောဆောင်သော ချဉ်းကပ်မှု” မဟုတ်ဘူး လို့ယူဆပြီး စစ်ဆေး၊မေးမြန်း၊တ၇ားစွဲ၊ဖမ်းဆီး အရေးယူတာတွေ လုပ်တာပေါ့ဗျာ။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ

အနာဂတ်အတွက် မျှော်လင့်ချက် တွေကို အကြောင်းပြုပြီးပူးပေါင်းဆောင်ရွက်သူများကို “နိုင်ငံရေးသမားများ”လို့ သဘောထားပြီး

ပစ္စုပ္မန်မှာရှိတဲ့ အမှားတွေကို ထောက်ပြပြီး ပြုပြင်ပေးပါ လို့ တောင်းဆိုသူများကို
“တက်ကြွလှုပ်ရှားသူများ”လို့ သဘောထားပုံရပါတယ်။ ကျနော်မြင်တဲ့ “ကွာခြားချက်”က အဲဒါပါဘဲ........လို့ ဖြေလိုက်ပါတယ်။

0 အကြံပြုခြင်း: