Wednesday, March 19, 2014

တောင်သူများ လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးနံဘေးတွင် တောင်းရမ်းစားသောက်



 Eleven Media Group
မြေသိမ်းခံ အုံတုံပင်ကျေးရွာမှ ထန်းတက်တောင်သူများ လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးနံဘေးတွင် တောင်းရမ်းစားသောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူ ၂၀ ခန့်သည် မြို့ပြစီမံကိန်းဖော်ထုတ်ရန်နှင့် ရဲတပ်ရင်း ၂၈ တည်ဆောက်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်သော မြေယာများ သိမ်းဆည်းခံရခြင်း၊ ထန်းပင်များအား မြေကော်စက်များနှင့် ထိုးလှဲခံရခြင်းတို့ကြောင့် လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးဘေးတွင် မတ် ၁၇ ရက် နံနက်မှ စတင်၍ တောင်းရမ်းစားသောက်နေကြောင်း သတင်းရရှိသည်။

"ရွာကိုလာပြီးကြည့်ပါ။ တကယ်ကို လုပ်စားစရာမရှိတော့ပါဘူး။ တောသူတောင်သားဆိုတာ တောင်ယာလုပ်ငန်းခွင်ကလွဲရင် ဘာတစ်ခုမှလုပ်မစားတတ်သလို ထန်းတက်တောင်သူဆိုတာကလည်း ထန်းတက်ပြီး ထန်းလျက်ချက်ရောင်းစားတဲ့ အတတ်ပညာကလွဲလို့ ဘာအတတ်ပညာမှ မတတ်တော့ ငတ်သေဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် အခုလိုတောင်းစားကြရတာပါ။ အုပ်စုဖွဲ့တောင်းကြပြီး ညနေရောက်ရင် တစ်နေ့တာတောင်းရသမျှကို ညီတူညီမျှ ခွဲဝေယူကြမယ်။ ရတာလေးနဲ့ မိသားစုချက်ပြုတ်စားသောက်ကြမယ်" ဟု အုံတုံပင်ရွာသူတစ်ဦးက ပြောကြားသည်။

သက်ဆိုင်ရာတာဝန်ရှိသူအချို့ကလည်း မိမိတို့၏ ဆုံးရှုံးသွားသည့် ထန်းပင်များအား စာရင်းပြုစုပေးပို့ရန်နှင့် ပေးပို့ပြီးပါကလျော်ကြေးများ ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တောင်းရမ်းစားသောက်ချိန်ကာလမှာ အလောင်းတော်ကဿပ ဘုရားဖူးများ စည်ကားချိန်နှင့် အနောက်အမေကြီးပွဲတော်သို့ သွားလာကြသည့် ဘုရားဖူးများဖြင့် အထူးစည်ကားနေချိန်လည်းဖြစ်သည်။

(မတ် ၁၇ ရက်က ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှ တောင်သူများ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်၌ တောင်းရမ်းနေစဉ်)

1 အကြံပြုခြင်း:

လူ said...

စစ်အာဏာရှင်တွေကတော့ရမ်း
လာပြီ လူတွေကိုလမ်း
ပေါ်ထွက်ဆူအောင်လုပ်
ပြီးရင်လက်နှစ်လုံးအလိုဇတ်
လမ်းပြန်စဒါပဲ ဟိုအရှေ့
မြောက်ဘက်ကိုလဲသူ့ဆရာ
တရုတ်နဲ့ပေါင်းပြီးမတည်ငြိမ်
အောင်လုပ်ထားပြီးပြီ အ
နောက်တံခါးမှာလဲကုလားပြသ
နာဖန်တီးထားပြီးပြီ တစ်
ကျော့ပြန်စစ်အာဏာသိမ်းဖို့အ
ကြောင်းပြချက်တွေပေါ့ ဒါ
ကိုသတိထားရမယ် လူထု
ခေါင်းဆောင်ဒေါ်စုနဲ့၈၈ခေါင်း
ဆောင်တွေအကင်းပါးရလိမ့်
မယ် ချိန်သားကိုက်ဖန်
တီးထားတဲ့အရှေ့မြောက်တိုက်
ပွဲတွေရဲ့နောက်ကတရုတ်ကြီး
ဟာမြန်မာ့ပြုပြင်ပြောင်းလဲရေး
ကိုလိုလားပုံမရပါဘူး ရခိုင်နဲ့
ကုလားပြသနာကနေဘာသာ
ရေးအသွင်ဆောင်လာတဲ့ပြသ
နာရဲ့နောက်မှာအကြံအစည်
တွေရှိပြီးသားပါ သူတို့က
သူတို့အာဏာတည်မြဲဖို့သံဃာ
ထုကိုလှည့်စားပြီးဒေါ်စုပါဝါကျ
ဆင်းရေးဒါပဲ ဒေါ်စုကရေ
ရှည်ကြည့်မယ့်သူ ဆင့်ကဲ
ဖြစ်စဉ်တွေအရ ရေရှည်မ
ကောင်းနိုင်ဘူးဆိုတာသူသိနေ
တယ် ကိုဆိုဗိုအကြောင်း
ကိုလဲသူသိနေနိုင်တယ် အဲဒါ
ကြောင့်ဝင်ထိန်းပေးတယ် အဲ
ဒါကြောင့်လဲကျုပ်တို့ဗုဒ္ဓဘာသာ
ဝင်တွေအများစုရဲ့မျက်မုန်းကျိုး
ခြင်းခံရတယ် ဒါကလဲမ
ဆန်းဘူးကျုပ်တို့မြန်မာတွေအ
ရှည်မကြည့်တတ်အောင်နှစ်ငါး
ဆယ်နီးပါးအကုသိုလ်စနစ်က
နေစနစ်တကျနှိပ်ကွပ်ထားတာ
ဒီကြားထဲNLDကငအူလေးတွေ
ကသံဃာတွေကိုသွားပုတ်ခတ်
တော့အခြေအနေပိုဆိုးတော့
တာပေါ့ အဲဒါကိုပဲဟိုဖွတ်
အုပ်စုကလိုချင်တာ ဒီတော့
NLDကခေါင်းဆောင်ပိုင်းဟာ
ကိုယ့်ကလေးတွေကိုနိုင်ငံရေး
အမြင်ကျယ်ဖို့သင်ကြားထား
သင့်သလိုသံဃာထုကိုလဲသ
ဘောပေါက်လာအောင်လျောက်
ထားသင့်ပါတယ် နောက်
အခုလယ်သိမ်းမြေသိမ်းလုပ်ပြီး
ဆူပူအောင်ဖန်တီးလာပြန်ပြီ
NLDအနေနဲ့ဒီအချိန်အလုပ်သင့်
ဆုံးကတော့သူတို့ကြောင့်ဘဝ
ပျက်နေတဲ့ပြည်သူတွေကိုကူညီ
စောင့်ရှောက်တဲ့အလုပ်ပါ ၈၈
ကျောင်းသားတွေမှာလဲတာဝန်
ရှိပါတယ် သူတို့ယုတ်ချင်
သလောက်ယုတ်ဒီဘက်ကနေ
အေးအေးဆေးဆေးဖြေရှင်းပေး
နိုင်အောင်ပဲကြိုးစားပါ ထိပ်
တိုက်ရင်ဆိုင်တာဟာပြည်သူအ
တွက်ပိုဆိုးနိုင်ပါတယ် သူတို့
တွေဟာအဲဒါကိုသေချာပုံဖေါ်နေ
တာပါ သူတို့ဘက်ကအ
သေအချာပြင်ဆင်ပြီးသားပါ
သူတို့နောက်ကကွန်မြူနစ်အ
ကောင်ကြီးတွေဟာသူတို့ရဲ့ဖား
ကိုလွယ်လွယ်ထွက်သွားစေချင်
ပုံမရဘူးဆိုတာသဘောပေါက်
ကြပါ နိုင်ငံတစ်ကာသံရုံး
တွေပြန်မသွားအောင်ကြိုးစားရ
မှာကလူထုခေါင်းဆောင်နဲ့၈၈
မျိုးဆက်ကြီးတွေအတွက်သေ
ရေးရှင်ရေးတမျှအရေးကြီးပါ
တယ် ဒါမှခင်ဗျားတို့ချစ်တဲ့
ပြည်သူလူထုကိုကူညီနိုင်မှာဖြစ်
ပါတယ် နိုင်ငံတကာသံရုံး
တွေပြန်တဲ့နေ့ဟာခင်ဗျားတို့
အနာဂတ်ရောပြည်သူသန်း
ခြောက်ဆယ်ရဲ့အနာဂတ်ရော
မှုန်ဝါးသွားပါလိမ့်မယ်
ညဏ်မှီသလောက်အကြံပြုခြင်း
သာဖြစ်ပါသည် ပြည်သူ့အ
ကျိုးသယ်ပိုးသူများအားအောင်
မြင်စေချင်သောကြောင့်သာ