Wednesday, March 26, 2014

လူမှုဖူလုံရေးဥပဒေသစ် မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးတွေရှိလဲ



 by Kamayut Media on March 22, 2014 at 7:34 pm

အသစ်ပြဌာန်းလိုက်တဲ့ လူမှုဖူလုံရေးအာမခံ ဥပဒေသစ်ရဲ့ အကျိုးခံစားခွင့်တွေဟာ လာမယ့် ဧပြီ ၁ရက်နေ့မှာ စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁%ကျော်လောက်ပဲ လူမှုဖူလုံရေးအာမခံစနစ်မှာ ပါဝင်နေတာကြောင့် ပြည်သူတွေကို အစိုးရက ဘယ်လိုမက်လုံးပေးပြီး ဆွဲဆောင်ဖို့ ပြင်ဆင်ထားပါသလဲ။

ကျန်းမာရေးစောင့်ရှောက်မှု အာမခံအတွက် အကျိုးခံစားခွင့် တိုးမြင့်လာသလို အသုဘစားရိတ်ကလည်း အရင် ကျပ် ၄သောင်းကနေ အခုဆို လစာရဲ့ ၅ဆအထိ တိုးမြှင့်ထားတယ်လို့ အစိုးရက ပြောလိုက်ပါပြီ။ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးခဲ့မယ်ဆိုရင် လက်ရှိရနေကြ ကျပ် ၂သောင်းအစား လစာရဲ့ အဆ ၃ဝကနေ အဆ ၈ဝထိ အာမခံကြေးထည့်ဝင်တဲ့ကာအပေါ် မူတည်ပြီး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

UMFCCI မှာ ကျင်းပတဲ့ လူမှုဖူလုံရေးဥပဒေသစ်ထဲ အလုပ်သမား၊ အလုပ်ရှင် အကျိုးခံစားခွင့်အကြောင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်ရှင်တွေကလည်း အာမခံထားဖို့ ငြင်းဆန်ရှောင်ရှားကြသလို အလုပ်သမားတွေဘက်ကလည်း သူတို့အတွက်အကျိုးရှိတယ်ဆိုတာ နားမလည်ကြလို့ အားလုံးမပါမနေရဖြစ်အောင် မျှော်မှန်းတယ်လို့ ဆိုပါတယ်။

၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေနဲ့ နှိုင်းယှဉ်ရင် အခု ဥပဒေသစ်မှာ အထွေထွေအာမခံစနစ်တွေ ကောင်းလာပြီး ကျန်းမာရေးအာမခံမှုကို လူမှုဖူလုံရေးဝန်ကြီးဌာနတစ်ခုတည်းက သီးခြားလုပ်ကိုင်တာ ထက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းရင် ပိုကောင်းမယ်လို့ ရွှေသံလွင်မီဒီယာက ဆိုပါတယ်။

၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေဟာ ၁၉၅၆မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ချင်းပြည်နယ်ကလွဲလို့ ကျန် ပြည်နယ်တိုင်းတွေက မြို့နယ် ၁ဝဝကျော်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။
http://bcove.me/myl19wq1

0 အကြံပြုခြင်း: