Monday, March 31, 2014

စစ်တွေပဋိပက္ခ စတင်ဖြစ်ပွါးရခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်သူ အီဗွန်ဒန်တန်ရဲ့ ဖြစ်ရပ်မှန်ကို ဖြေရှင်းချက်



"အဲ့ဒီအချိန်က စစ်တွေမြို့က နေအိမ်တော်တော်များမှာ သာသနာ့အလံချိတ်ပြီး အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့အချိန်လည်းဖြစ်တယ်လေ…
ဒီအခြေအနေက ကျွန်မကို Malteser နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ကို အင်မတန်မှ ခက်ခဲသွားစေခဲ့ပါတယ်…

ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့အဖွဲ့က လူမှုကူညီရေးအဖွဲ့သက်သက်လေ…
ဘယ်နိုင်ငံရေးသြဇာလွမ်းမိုမှုကိုမှ မခံဘူး…
ဒါ့အပြင် ကျွန်မတို့က ဘက်မလိုက် အဖွဲ့အစည်းလည်း ဖြစ်တဲ့အတွက် နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဖို့ စိတ်ကူးမရှိဘူး…
ဒါ့ကြောင့် ကျွန်မအလံကို ဖြုတ်ချဖို့ ဆုံးဖြတ်လိုက်တာ…

ဒီတော့ကျွန်မ ရလဒ်ကောင်းထွက်ဖို့မရှိတဲ့ အခြေအနေဆိုးတရပ်ကို ရောက်ရှိသွားခဲ့တယ်…
ဘယ်လိုပဲပြောပြော ကျွန်မ သန်းခေါင်စာရင်းအပေါ် ကန့်ကွက်နေသူတွေကို အားပေးအားမြှောက် မလုပ်ချင်သလို အစိုးရနဲ့လည်း ပြဿနာမဖြစ်ချင်ပါဘူး…

အဲ့ဒီနေ့က ပိုဆိုးသွားတာက ကျွန်မတို့ ဂိုဒေါင်ရှေ့မှာ အစိုးရသန်းခေါင်စာရင်းအပေါ် ဆန့်ကျင်ရေးသားထားတဲ့ စာရွက်စာတမ်းတွေကို လာကပ်ထားတာ တွေ့ရတယ်…
ဒါ့ကြောင့် ဒီပြဿနာထဲမှာ ကျွန်မပါမနေဖို့အတွက် ရုံးရှေ့မှာ ချိတ်ထားတဲ့ အလံကို ဖြုတ်ချဖို့ ဆုံးဖြတ်လိုက်တာပါ…

ကျွန်မတို့က လူမှုကူညီပေးရေးအဖွဲ့တရပ်ပါ… ဒါ့ကြောင့် ဆန္ဒပြမှု ဖြစ်စဉ်တွေမှာ ကျွန်မတို့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့တာပါ…
အလံတိုင်ပေါ်ကနေ အလံကို ကျွန်မဖြုတ်လိုက်ချိန်မှာ သေသေချာချာဖြုတ်တယ်……ပြီးတော့ ကျွန်မစက်ဘီးခြင်းထဲမှာ သိမ်းလိုက်ပါတယ်…

အဲ့ဒီအချိန်မှာ ဂိုဒေါင်ပိုင်ရှင်က အပြေးရောက်လာတယ်……အလံကို ပြန်တင်ဖို့ တောင်းဆိုတယ်… ကျွန်မအနေနဲ့ အလံကို ဘာကြောင့်ဖြုတ်ချတယ်ဆိုတာ သူ့ကိုရှင်းပြတယ် ဒါပေမဲ့ သူက ကျွန်မရှင်းပြတာကို နားမထောင်ဘဲ အလံကိုသာ ပြန်တင်ဖို့ ကျွန်မကို အမိန့်ပေးခဲ့ပါတယ်…

ဒါကြောင့် ကျွန်မစက်ဘီးခြင်းထဲကအလံကို ပြန်ထုတ်ပြီး သူ့ကိုရိုရိုသေသေ ပြန်ပေးလိုက်ပါတယ်…
အဲ့ဒီအချိန်မှာ လူတွေပိုများလာတာကို ကျွန်မသတိပြုမိလိုက်တယ်… ပြီးတော့ အခြေအနေက ပိုတင်းမာနေပြီဆိုတာ သတိထားလိုက်မိတယ်…
ဒါကြောင့် ဒီကနေ ကျွန်မအမြန်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်…

သူ့အိမ်ကို စက်ဘီးပြီး ပြန်လာချိန်မှာတော့ သူ့နောက်ကို လူတွေအများကြီး လိုက်လာတာကို သတိပြုမိလိုက်ပါတယ်…
အဲ့လူအုပ်ကြီးက သူ့ရဲ့စကားကို နားထောင်မှာ မဟုတ်ဘူးလို့ထင်တယ်…
သူနဲ့ သူ့အမျိုးသားက သူတို့အိမ်ထဲမှာ တံခါးပိတ်ပြီး ပုန်းနေလိုက်ပါတယ်…ကံကောင်းတာကတော့ သူတို့အိမ်တံခါးတွေက သံတိုင်တွေနဲ့ ကာထားတာကြောင့် အပြင်ကလူတွေ အလွယ်တကူဝင်လို့ မရခဲ့ပါဘူး…

လူတွေက ဆူပူအော်ဟစ်ပြီး ကျွန်မတို့အိမ်ကို ခဲလုံးတွေနဲ့ ပစ်နေကြပါတယ်……ပြတင်းပေါက်ကျိုးသွားတယ်……ပြီးတော့ သူတို့အိမ်ခြံစည်းရိုးကို ကျော်တက်လာတယ်…
ပြတင်းပေါက်မှာရှိတဲ့ သစ်သားတွေကို ဖျက်ဆီးဖို့ သူတို့ကြိုးစားကြတယ်…
ဒါကြောင့် ကျွန်မတို့ အိမ်ထဲမှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ပါတယ်…

သံဃာတော်တွေနဲ့ ဒေသခံရဲတွေက မကြာခင်မှာပဲ ကျွန်မတို့အိမ်ရှေ့ကို ရောက်လာပြီး ကျွန်မနဲ့ ကျွန်မအမျိုးသားကို ဘေးကင်းတဲ့နေရာဖြစ်တဲ့ ရဲဌာနကို ခေါ်သွားခဲ့ပါတယ်…
အဲ့မှာပဲ သောကြာနေ့အထိ ကျွန်မတို့နေခဲ့တယ်… ပြီးတော့ ရန်ကုန်ကို ပြန်ခဲ့တယ်"…

(ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က စတင်ပြန့်နှံ့လာတဲ့ သတင်းတွေဖြစ်တဲ့ အီဗွန်ဒန်တန်က သာသနာ့အလံကို မလေးမစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကတော့ ကြီးကြီးမားမားဖြစ်နေခဲ့ပါပြီ…
သူမကတော့ ဒီစွပ်စွဲချက်တွေ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပါတယ်…)

"ကျွန်မ ဗုဒ္ဓဘာသာနဲ့ ရတနာသုံးပါးဖြစ်တဲ့ ဘုရား တရား သံဃာတို့ကို အင်မတန်ရိုသေလေးစားသူဖြစ်ပါတယ်…
စော်ကားလိုစိတ် နဲနဲမှ မရှိပါဘူး"…

(အီဗွန်ဒန်တန်)

0 အကြံပြုခြင်း: