Saturday, March 29, 2014

ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့်ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသ



အဖိုးကြီးလွန်းတဲ့ ဘဘဦးဝင်းတင် .... အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုယိရဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ် ။

ဓါတ်ပုံ - ကိုကိုကြီး (၈၈)


ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ဒေါက်တာ
မြင့်သိန်းက “အန်ကယ်၏ အခုအခြေအနေအရ အသက်ရှုရပ်တတ်တာပေါ့၊ အသက်ရပ်တက်တော့ ပါးစပ်ထဲက ပိုက်ထည့်ထားရတယ်။ အဲဒီအခါကျတော့
လေက ထွက်မှာစိုးတော့ သူ့ကို ငြိမ်အောင်ဆေးသွင်း ထားတယ်။ သွားကြည့်တော့ လှုပ်ချင်မှ လှုပ်လိမ့်မယ်၊ အဲဒါကို သိပ်ကြောက်စရာမလိုဘူး။

ပိုက်ထည့်ထဲ့ပြီး အသက်ရှုမောင်းရတာကို ၇၂ နာရီ မောင်းရတယ်။ ၇၂ နာရီ
အတောအတွင်းမှာ သူအခြေအနေကောင်းမလား၊ ဆိုးလားမလား တစ်ချက်ကြည့်ရမယ်။

တစ်ခုစိုးရိမ်စရာရှိတာက နံပတ်(၁) သူက အရမ်း အသက်ကြီးနေပြီ။ (၂) သူက အဆုပ် ပွရောဂါရှိတော့ အဆုပ်အအေး မိတာတွေ ပိုးဝင်ပြီးတော့ ဖျား လာနိုင် တယ်။ နှလုံးက နောက်တစ်ခါ ထပ်ဖောက်လာမယ်။ အသက်အန္တရာယ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအခြေအနေမှာတော့ မခန့်မှန်းနိုင် ဘူး။ ရာခိုင်နှုန်းလည်း မပြောနိုင်သေးဘူး။

ပိုးဝင်လာရင်း မကောင်းဘူး။ ပိုးမ၀င်လာခဲ့ရင် ကောင်းတယ်။ အဲဒီတော့ ပိုးမ၀င် လာအောင်ပဲ ဆုတောင်းရမှာ။ အခုထိတော့ ပိုးဝင်လာမှာစိုးလို့ ပိုးသတ်ဆေး လည်း ပေးထားတယ်။ သွေးပေါင်ချိန်က ၁၅၀/၇၀၊ နှလုံးခုန်နှန်းက ပုံမှန် (၆၀) ရှိတယ်။ လိုတာတွေ အားလုံး ကိုတော့ လုပ်ပေးထားတယ်။ အရေးပေါ် ဗိုက်တွေ၊ ဘာတွေ ခွဲစိတ်တာတွေရတာတော့မရှိဘူး။

အခြေအနေကိုလည်း သေချာမခန့်မှန်းနိုင်သေးဘူး။ ၇၂ နာရီအထိ စောင့်ကြည့် ရမယ်။ ၇၂နာရီပြည့်မှ အခြေအနေကို ပြောပြနိုင်မယ်” ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီးသို့ ဒေါက်တာတင်မျိုးဝင်း၊ NLD မှ ဦးဥာဏ်ဝင်း၊ ၈၈ မှကိုမြအေး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ အပါအ၀င် ဟံသာဝတီ ဦးဝင်းတင်၏
လုပ်ဖော်ကိုင်ဖက်များ လာရောက်ကြည့်ရှုကြသည်။

လင်းလင်းအောင်
News Watch (စောင့်ကြည့်သတင်းဂျာနယ်)

0 အကြံပြုခြင်း: