Tuesday, March 25, 2014

NLD ကိုမဲမပေးဘဲ USDP ကိုမဲပေးကြမယ်ဆိုပါစို့


ကနောင် မင်း'

ကုလားကိစ္စကြောင့် NLD ကိုမဲမပေးဘဲ
USDP ကိုမဲပေးကြမယ်ဆိုပါစို့
(တခြားပါတီ မဲပေးမယ့်လူလည်းရှိကောင်းရှိမည်)
-------
* ကုလားကိုမြန်မာပြည်ထဲခေါ်သွင်းခဲ့တာ NLD လား
အင်္ဂလိပ်နယ်ချဲ့တွေလား?

* ဘင်္ဂလီတွေကို သိန်းနဲ့ချီပြီးခေါ်သွင်းခဲ့တာ NLD လား စစ်အစိုးရလား?

* နိုင်ငံသားမဟုတ်တဲ့ လူတွေကို လွှတ်တော်ထဲ
ဝင်နိုင်အောင် ဥပဒေပြုပေးခဲ့တာ NLD လား စစ်အစိုးရလား?

* ကုလားနဲ့ဘင်္ဂလီတွေမြန်မာပြည်ထဲရောက်အောင်
လုပ်ခဲ့တာ NLD ပါတီနဲ့ဒေါ်စုလုပ်တာလား?

အားလုံးရဲ့သမိုင်းတရားခံကဘယ်သူလည်းဆိုတာဒီလောက်နဲ့တင် ရှင်းနေပါပြီ။

ဟုတ်ပြီဒေါ်စုမှာကုလားနဲ့ပတ်သက်တဲ့အားနည်းချက်
ရှိနေအုံးတော့ NLD ပါတီဟာ ဒေါ်စုတစ်ယောက်
တည်းနဲ့တည်ထောင်ထားတာမဟုတ်ပါဘူး။

အရပ်သားစစ်စစ်တွေ ၊ အမှန်တရားကိုမြတ်နိုး
တန်ဖိုးထားတဲ့စစ်သားဟောင်းကြီးတွေ ၊ တခြားအဖွဲ့အစည်းက
လူတော်တွေနဲ့တည်ထောင်ထားတာပါ။

ဒေါ်စုအနေနဲ့ကုလားကိုအပစားပေးတာမှန်ပေမယ့်
သူ့မှာလည်းအခက်အခဲရှိနေနိုင်ကြောင်း ရှင်းပြပါရစေ

- ဒေါ်စုဟာအမှန်တရားကိုမြတ်နိုးတဲ့ ဗိုလ်ချူပ်
သမီးဖြစ်တယ်။
- ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာက
လေးစားရတဲ့မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တယ်
- ခေါင်းမာတဲ့အကျင့်ဖအေဆီကအပြည့်ရထားတယ်(မှားသည်မှန်သည်မဆိုလို)

မြန်မာပြည်မှာ ဒီလိုလူမျိုးတစ်ယောက်ရှိနေပါလျှက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့
 ကိစ္စတစ်ခုကိုဖောက်ဖြတ်လိုက်ရင်
သူမတစ်ဦးတည်းမဟုတ်ဘူး ကျနော်တိုမြန်မာ
တွေအားလုံးမှာပါနစ်နာစရာတွေအများကြီးရှိလာ
နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။(ရထားတဲ့ဆုတွေရဲ့မျက်နှာလည်းပါချင်ပါမှာပေါ့)

ဥပမာ - မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံ
တကာရဲ့ အထောက်အပန့်တွေဟာ သူ့မျက်နှာတစ်
ခုတည်းကြောင့်လို့မပြောနိုင်ပေမယ့် သူမပါရင်
ဒီအခြေအနေထိရောက်လာမှာမဟုတ်ပါဘူး။

ကျနော်ဘက်လိုက်ပြောတာမဟုတ်ဘူးဆိုတာအား
လုံးသိမှာပါ။ဒီတော့ဒေါ်စုအနေနဲ့ မဲရရှိရေးအတွက်
ပြည်သူ့အကြိုက်လိုက်မယ်ထားအုံးတော့ လက်ရှိအခြေအနေအရပ်
ရပ်တွေကြောင့် (မချစ်သော်လည်းအောင့်ကာနမ်း
) ရမယ့်အခြေအနေပါ။ဘေးကျပ်နံကျပ်ဖြစ်သွား
ပုံပေါ်ပါတယ်။

ဒီလိုအချိန်မျိုးဟာပြိုင်ဘက်ပါတီရဲ့ အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။
တကယ်တော့ကျနော်တို့ပြည်သူတွေအနေနဲ့အရပ်သားခေါင်းဆောင်အပေါ်နားလည်ပေးရ
မယ့်အချိန်မှာ စစ်အာဏာရှင်လော်ဘီတွေရဲ့ ဝါဒအောက်မှာအငိုက်ဖမ်းခြင်းခံခဲ့ရတယ်လို့မြင်ပါတယ်။

ဒါကြောင့် သင့်ကိုမေးခွန်းနှစ်ခုမေးပါမယ်။

၁။ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်ခံဘဝကလာတာလား?

၂။ ဖိနှိပ်တဲ့စစ်အာဏာရှင်အသိုင်းအဝိုင်းကလာတာလား?

(၁)အဖိနှိပ်ခံဘဝကလာတယ်ဆို ရင်ဘဝမမေ့ပါနဲ့။ကျနော်တို့အားလုံး
အရပ်သားအစိုးရပေါ်ထွန်းလာရေးအတွက် သင့်ယူစချက် ရပ်တည်ချက်တွေ
 မှားနေရင်တောင် တိုင်းပြည်ချစ်တဲ့စိတ်နဲ့ NLDနဲ့ဒေါ်စုကိုဝင်းရံသင့်ပါတယ်
ခုတော့ဖွဲ့စည်းပုံပြင်သင့်တာတွေလည်းမပြင်ရ ဘဲအချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလိုနေပါတယ်။

ဒီလိုပြောလို NLDပါတီကလို့မထင်ပါနဲ့ အရပ်သား
ပါတီကြီးကို ဝန်းရံပေးနေတဲ့ သာမန်လူတစ်ယောက်ပါခမျ။

ကနောင်မင်း

1 အကြံပြုခြင်း:

Anonymous said...

ဒေါ်စုကကုလားကိုပစားပေး
တယ်ဆိုတာအပေါ်ယံကကြည့်
ရင်ဟုတ်တာပေါ့ ဒါပေမဲ့နိုင်ငံ
ရေးအမြင်အရကြည့်ရင်တော့
သူဟာလုပ်သင့်တာကိုလုပ်ခဲ့
တာပါ ဒီနေ့ကမ္ဘာမှာလူမျိုး
ရေးဘာသာရေးနှိပ်ကွပ်တဲ့နိုင်
ငံလို့အထင်ရောက်သွားရင်အဲဒီ
နိုင်ငံကိုဘယ်သူမှအဖက်မလုပ်
ချင်ဘူး အားလုံးကဝိုင်း
ပယ်မှာပဲ ဒီအခြေအနေ
မျိုးကိုနိုင်ငံချစ်တဲ့ဒေါ်စုကပဲစိုး
ရိမ်မယ် ငါနဲ့ငါ့မိသားစု
ကောင်းစားရေးဆိုတဲ့အာဏာ
ရှင်နဲ့ခရိုနီအုပ်စုတွေကသဘော
တောင်ကျနေအုံးမယ်
ဒီဘာသာရေးပြနာကလဲဖန်တီး
ထားတာကြီးနော်သိတယ်မို့လား