Saturday, March 1, 2014

ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ ရှိတဲ့သူတွေက မပြင်ချင်ကြဘူး



ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီမှာလေ။ ဖွဲ့စည်းပုံ ပြင်ချင်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်ဆိုတာ အမှန်ကတော့ မေးခွန်းမေးတဲ့သူကို ပြန်ဖြေပေးတဲ့ ဖြေကြားချက် မဟုတ်ပါဘူး။ လူငယ်သတင်းသမား တစ်ယောက်က အဘရယ် ပြောပြပေးပါ ဆိုတော့ ကျွန်တော်က နောက်မှပြောပါမယ် ပြောလိုက်တယ်။ အဲဒီမှာ တစ်ဆက်တည်း ပြင်ချင်တဲ့သူ နှစ်ယောက်ပဲ ရှိတယ်ကွာလို့ အလွတ်သဘော ပြောလိုက်တာ၊ တရားဝင် ပြောလိုက်တာ မဟုတ်ပါဘူး။ ဒါကို တရားဝင် ထည့်လိုက်တော့ ကျွန်တော် နည်းနည်းလေး ရှင်းရတယ်။ ဘာပဲပြောပြော ပြည်ခိုင်ဖြိုး ပါတီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ချင်တဲ့လူတွေ အများစု ရှိပါတယ်။ ပါတီ စီအီးစီ ထဲမှာလည်း အများစုက ပြင်ချင်ကြပါတယ်။ ဒီမှာ Hard Liner လို့ခေါ်တဲ့ သဘောထားတင်းမာသူ အချို့က မပြင်ချင်ကြပါဘူး။ အများစုက ပြင်ချင်ကြပါတယ်။ မပြင်ချင်သူ အချို့ကတော့လေ ဒီစကားကိုလည်း ခဏခဏ မပြောချင်ပါဘူး။ နိုင်ငံတကာက သုံးသပ်တာကိုပဲ အခြေခံ ပြောရရင် ကိုယ်ကျိုးစီးပွား ကာကွယ်ချင်တဲ့သူတွေ၊ ကာကွယ်ဖို့ ရှိတဲ့သူတွေက မပြင်ချင်ကြဘူး လို့ပဲ အလွယ်တကူ ထောက်ပြချင်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Messenger သတင်းဂျာနယ်ပါ
“သူရဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်းခြင်း” မှ ကောက်နုတ်ချက်

0 အကြံပြုခြင်း: