Saturday, March 15, 2014

"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပတ္တမြားထွက်ရှိနေသည်ဟူသည့် သတင်းများအပေါ် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူငြင်းဆို "



Tomorrow

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ တူးဖော်လိုက်သော မြေကြီး များအတွင်းတွင် ပါလာသော စကျင် ကျောက်များအတွင်း ထိုးစိုက် နေသောပတ္တမြားပုံဆောင်ခဲများကို တွေ့ရှိရသည်ဟူသော ဓာတ်ပုံများ ၊ သတင်းများနှင့်ပတ်သက်၍ ဦးပိုင်ကုမ္ပဏီမှ လက်ပံတောင်း တောင်စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်တင်မှ အဆိုပါ သတင်းသည် မဟုတ်မှန်ကြောင်း၊ ကောလဟလ သက်သက်သာဖြစ်ကြောင်း Tomorrowဂျာနယ်၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသွားခဲ့သည်။

အဆိုပါ သတင်းဓါတ်ပုံမှာ သတင်းရပ်ကွက်အတွင်းအလွန် စိတ် ၀င်စားစရာကောင်းနေကာ ယင်း ကိစ္စ ရပ်နှင့်ပါတ်သတ်၍တရုတ်ဝမ်ပေါင် ကုမဏ္ဍီသို့ဆက်သွယ်မေးမြန်းခဲ့သော် လည်းဖြေကြားခဲ့ခြင်းမရှိသောကြောင့် ဦးပိုင်ကုမ္ပဏီမှ လက်ပံတောင်း တောင်စီမံကိန်း ဒါရိုက်တာဦးမောင် မောင်တင်အားဆက်သွယ် မေးမြန်းခဲ့ ရာလုံးဝမဟုတ် ကြောင်း ငြင်းဆို သွား ခဲ့သည်။

“ဒီဓာတ်ပုံသတင်းများတွေက ပြဿနာကို နောက်တစ်မျိုးနဲ့ ကြီးထွားစေအောင်မသမာသူများက လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်၊ လက်ပံတောင်း တောင်မှာ စကျင် ကျောက်မရှိသလို မည်သည့် ပတ္တမြားမှလည်း တူးဖော်မရ ရှိခဲ့ပါဘူး၊ တူးဖော်ရရှိတဲ့မြေကြီးများကို စုပုံပြီး အက်ဆစ်နဲ့ဓာတ်ပြုစေကာကြေးနီ နဲ့ ရေရောနှောနေတဲ့ အရေတွေထဲကနေ သန့်စင်တဲ့ကြေးနီ ချောင်းများကိုသာ ထုတ်လုပ်နေခြင်း ဖြစ်ပါတယ်” ဟု Tomorrow ဂျာနယ်သို့ ဖြေကြား သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံကို မြင်တွေ့ခဲ့ရသော မီဒီယာ သမားတစ်ဦးကမူ “ တစ်ခြား နေရာ ကဓာတ်ပုံကို ဒီနေရာကပါဆို ပြီး လုပ်ကြံထားသလား၊ တကယ် လားဆိုတာတော့ ကျွန်တော် မခွဲခြား တတ်ဘူး၊ ဒါပေမယ့် ကျွန်တော့်မျက်စိ နဲ့ အဲဒီဓာတ်ပုံကိုတော့ မြင်ခဲ့ရတယ် ” ဟု ပြောခဲ့သည်။

ဘူမိဗေဒပညာရှင်တစ်ဦးက “ကြေးနီနဲ့ပတ္တမြားရောနှောတွေ့စရာ အကြောင်းမရှိပါဘူး။ ပတ္တမြားဟာ သက်ရင့်အော်ဂဲနစ်ကျောက်မှာပဲ တွေ့ရတဲ့အတွက်ကြောင့် မိုးကုတ်နဲ့ မြန်မာပြည်အထက်ပိုင်းမှာပဲ တွေ့နိုင်ပါတယ်။ ကြေးနီစီမံကိန်းတွေမှာ ရွှေနဲ့ငွေကို သီးခြားခွဲထုတ်ယူလေ့ရှိကြပါတယ်”ဟု ရှင်းလင်းပြောကြားသွားသည်။

0 အကြံပြုခြင်း: