Sunday, March 2, 2014

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်


The Voice Weekly

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်း အမျိုးသမီး တစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။

တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများ သည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။



 Ko Htike

ကိန်းဂဏန်း သမားတွေ .. မျိုးစောင့်ဖို့ မအော်ခင် ကာလတွေကတည်းက ... ကျွန်တော် ရေးဖူးတာ တစ်ခု ရှိတယ်။

တရုတ်ပြည်က သတို့သမီး လိုအပ်ချက်ဟာ ... မြန်မာ တနိုင်ငံလုံးက မိန်းကလေးတွေ ပို့လိုက်တာတောင် မလောက်ဘူး ... ဆိုတာကိုပါ။

တကယ့်အန္တရာယ်က မြန်မာ အမျိုးသမီးတွေ တရုတ်မယား အဖြစ် အလိုတူတူ၊ မတူတူ ... ဖြစ်သွားမယ့် ... ဖြစ်နေတဲ့ ... ဖြစ်လာမယ့် ကိစ္စပဲ။

ဒါမျိုးကို သေချာ စီစစ် အမျိုးစောင့်ဖို့ ပိုလိုအပ်ပါတယ်။

အချက်အလက်တွေ ပြန်ကြည့်လိုက်ရင် နှစ်စဉ် တရုတ်ပြည်ကို မြန်မာပြည်က အမျိုးသမီးတွေ မိန်းမ အဖြစ် အရောင်းစားခံနေရတာ တိုးလာနေတယ်ဆိုတာ တွေ့လိမ့်မယ်။

တကယ့် အန္တရာယ်ကို ဘယ်လို ထားရမလဲ မတွေးကြဘူး။ အထူးသဖြင့် တရုတ်ဈေးကွက် အကြီးအကျယ် ရှိနေတဲ့ မန္တလေး၊ ရှမ်းဒေသ၊ ကချင်ပြည်နယ် တဝိုက်။ ...

ဆင်းရဲသား မြန်မာ အမျိုးသမီးတွေအတွက် တကယ်ကို အန္တရာယ်ကြီးပြီး ... လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ။

လူမျိုးပါ ပျောက်သွားနိုင်တယ်။

(တကယ်) မျိုးစောင့်ဖို့အတွက် တရုတ်ကို မိန်းမရောင်းစားတဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အင်မတန် လိုအပ်နေပြီ ဆိုတာ သတိပေး နိုးဆော်လိုက်ပါရစေ။

(ကိုထိုက်)

(နွယ်နီ မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ဖူးသော ဆက်စပ် ဆောင်းပါး https://www.facebook.com/photo.php?fbid=10151518260538323&set=pb.594643322.-2207520000.1393759187.&type=3&theater)

0 အကြံပြုခြင်း: