Wednesday, February 5, 2014

UNITY သတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ဖမ်းဆီးထား


RFA
မကွေးတိုင်း ပေါက်မြို့ နယ်ထဲက စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံတစ်ရုံအကြောင်း ရေးသားဖေါ်ပြလိုက်တဲ့ UNITY JOURNAL ရဲ့ ဒေသခံသတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ပို့ထားသလို ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇနီးသည် မလွင်လွင်မြင့်ကိုတော့ မနေ့က အင်္ဂါနေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဒါ့အပြင် မလွင်လွင်မြင့်ရဲ့အကို မကွေးမြို့မှာနေထိုင်တဲ့ ကိုအောင်ကျော်ကျော်ကိုလဲ ပခုက္ကူခရိုင်ကိုမသွားဖို့  အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ သိရပါတယ်။

မလွင်လွင်မြင့်နဲ့ ကိုအောင်ကျော်ကျော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် ဆရာတော်အရှင် ဂမ္ဘီရရဲ့အကိုနဲ့  အမ ဖြစ်ပါတယ်။



0 အကြံပြုခြင်း: