Tuesday, February 11, 2014

NLD ၏ မြို့နယ်၊ ခရိုင်များတွင် အလုပ်အမှုဆောင် တာဝန်များ ယူထားပြီး အလုပ် မလုပ်သူများကို ကွင်းဆင်း စစ်ဆေးတော့မည်



- ဟု NLD ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ပြောရေးဆိုခွင့်ရှိ သူ ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

ပါတီတွင်း နေရာယူထားကာ တာဝန်ကျေပွန်စွာ မထမ်းဆောင်သူများကို ကွင်းဆင်း စစ်ဆေးခြင်း ပြုလုပ်ရန် ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သည့် ဗဟို အလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ယင်းကို ဖေဖော်ဝါရီနှင့် မတ်လနှစ်လအတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။

“တိုင်းနဲ့ ပြည်နယ်တွေကနေ တိုင်စာတွေ လာတာရှိတယ်။ ဒီတိုင်ကြားတာတွေ ဟုတ်၊ မဟုတ်ကို ဗဟို အလုပ်မှုဆောင်ကော်မတီဝင်တွေက ကိုယ်တာဝန်ယူထားတဲ့ နယ်တွေကို ဆင်းပြီး စစ်ဆေးမှာ။ ဟုတ်တယ်၊ မှန်တယ်ဆိုရင်လည်း ဖြုတ်တာတို့ ဘာတို့ လုပ်မှာမဟုတ်ပါဘူး။ လုပ်နိုင်မယ့် သူကို တာဝန်ပေးတာတို့ လုပ်သွားမှာပါ”ဟု ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

(( Mizzima Burmese ))

0 အကြံပြုခြင်း: