Tuesday, February 25, 2014

တကယ်ကြီးအဲ့လို မေးခဲ့တာလား.


Ko Emptiness


 ဦးအောင် ကြီး
ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စီ ကိုယ်စီ ... ရွှေသား အတိပြီးသော လိပ်ထီး (လိပ်တစ်စီး) ပိုင်ဆိုင်နိုင်ကြပါစေ .... လိပ်ထီးပုံများ လည်မှာဆွဲကာ ထာဝရ ဂုဏ်ယူနိုင်ကြပါစေ ...
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သော အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တာဟာ ဖြစ်သင့်တဲ့အလုပ်ပဲ။ ဒါကို ပြည်သူတစ်ယောက်အနေနဲ့ကောင်းတယ်လို့မြင်တယ် ...။

ဖြစ်နိုင်ရင် ဂုဏ်ထူးဆောင်အမှတ်တံဆိပ်ကို ရွှေပြားနဲ့လုပ်ပြီးလာဘ်ရွှင်အောင် လိပ် ပုံစံလေးတွေတံဆိပ်ခတ်နှိပ်ပြီး ချီးမြှင့်သင့်တယ်။ ဟိုး ရှေးရှေးတုန်းကတော့ လိပ်တစ်စီး စီ ဆုချတာမျိုးရှိဖူးတယ်လို့ အသားမဲမဲ မျက်ခုံးကောင်းကောင်း အရက်သမားတစ်ယောက်ကပြောဖူးတာ ကြားမိတာပဲ။ ရွှေပြားပေါ်မှာ လိပ်ပုံခတ်နှိပ်ပြီးမှ ချီးမြှင့်လည်း လိပ်တစ်စီး နဲ့ ဘာမှတော့မကွာလောက်ပါဘူး။ အဲ .... ဖြစ်နိုင်ရင်တော့ ... လိပ်ကို အသေအချာလေ့လာပြီး အထီး ပုံသဏ္ဍာန်မှန်အောင်ရိုက်နှိပ်ဖို့သာ ပြည်သူတစ်ဦးအနေနဲ့ တောင်းဆိုချင်တယ်။

ဒါဆိုရင် ဒီလို သမိုင်းဝင် ၂၀၀၈ အခြေအခံဥပဒေကြီးကို ရေးဆွဲခဲ့သူ ကိုယ်စားလှယ်တော်ကြီးများဟာဖြင့် လိပ်ထီး များကို လည်တိုင်မှာဆွဲကာ ပြည်သူ့မေတ္တာဖြင့် ထာဝရဂုဏ်ယူနိုင်ကြမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စီ ကိုယ်စီ ...
ရွှေသားအတိပြီးသော လိပ်ထီး (လိပ်တစ်စီး) ပိုင်ဆိုင်နိုင်ကြပါစေ ....
လိပ်ထီးပုံများ လည်မှာဆွဲကာ ထာဝရ ဂုဏ်ယူနိုင်ကြပါစေ ...

အောင်ကြီး

0 အကြံပြုခြင်း: