Monday, February 10, 2014

ကိုကိုးကျွန်းတွင် တရုတ် လေယာဉ်ကွင်း တည်ဆောက်



အိန္ဒိယနိုင်ငံပိုင် အန်ဒမန်ကျွန်းနှင့်နီးကပ်သည့် မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်တွင် တရုတ်နိုင်ငံက လေယာဉ်ပြေးလမ်း တခုနှင့် အခြား အဆောက်အအုံများ တည်ဆောက်လျက်ရှိကြောင်း စနေ နေ့ထုတ် The Time of India သတင်း တရပ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံက အရပ်ဘက်သုံး လေယာဉ်ကွင်းတကွင်း တည်ဆောက်နေခြင်း ဖြစ်၍ စစ်ရေးခြိမ်းခြောက်မှု အဖြစ် မသတ်မှတ်ကြောင်း၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် ဆက်ဆံသွားမည် ဖြစ်ကြောင်း အန်ဒမန်နှင့် နီကိုဘား ကျွန်းစု ရေတပ်ဌာနချုပ်မှူးက မီလန် ၂၀၁၄ နိုင်ငံ တကာ ပူးတွဲ ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားကြောင်း သိရသည်။ ကိုကိုးကျွန်းကို မြန်မာ နိုင်ငံက တရုတ်နိုင်ငံသို့ ငှားရမ်းထားသည်ဟု လွန်ခဲ့သည့် နှစ်များစွာကပင် သတင်းများ ထွက်ပေါ်ခဲ့သည်။

The Irrawaddy (Burmese Version)

0 အကြံပြုခြင်း: