Saturday, February 22, 2014

အူလယ်လယ်တွေ ထိုးကျွေးခံရတော့မယ်


Somael Celestial

ဘာရယ်တော့မဟုတ်ဘူး အမျိုးသားရေးအရေခြုံ ဗန်းပြ သွေးထိုးနေတဲ့ ဆရာကြီးအကောင့်တွေ တဖြည်းဖြည်းငြိမ်လာသလိုဘဲ။
မသိနားမလည် သူများယောင်လို့ လိုက်ယောင်နေတဲ့ အူလယ်လယ်တွေဘဲ ခုထက်ထိသွေးကြွနေတုန်း။

ကိုယ်ပိုင်အမြင်ပြောပါမယ်။ ပွန်းတွေချကျွေးခံထိတော့ မယ်လို့မြင်တယ်။ ပြောရရင်လူမျိုးရေးဘာသာရေးသွေးထိုးတာ ထင်သလောက်
မအောင်မြင်တော့ဘူး ဆိုတာ ကြည့်သူတိုင်းမြင်ပါမယ်။ ဝေးဝေးမပြောဘူး ဒေါ်စုရဲ့ခရီးစဉ်တွေ နဲ့ ငမြောက်ငခြောက် မျိုးချစ်တို့ရဲ့ပွဲတွေကို ယှဉ်ကြည့်ပါ။

နောက် မျိုးညစ်အုပ်စုတွေဟာ ဘုရားပြီးဖျက်ခံရမယ့်ငြမ်းတွေပါ။ လက်ရှိအခြေအနေအရ ငြမ်းတွေဟာသိပ်အသုံးမကျတော့ပါဘူး။
ဆင်ထားလို့အပိုဘဲလို့ အစိုးရကိုယ်တိုင်ကမြင်လာပုံရတယ်။ ဒီကြားထဲ အစွန်းရောက် မျိုးချစ်အချို့ အထိန်းအကွပ်မဲ့လာတယ်။
အစိုးရရဲ့ပေါ်လစီကိုက ကိုယ့်ပြန်ခြောက်မဲ့မျောက်ကို ဘယ်တုန်းကမှမမွေးတာ လူတိုင်းသိပါတယ်။

ဒါကိုသူတို့အတွင်းလူ Shills တွေ အရေခြုံဆရာကြီးတွေ ကသိပြီး ပွဲရှိန်လျော့ပြီး ကိုယ်ယောင်ဖျောက်ဖို့လုပ်နေပြီ။
ဘာမသိညာမသိ အူလယ်လယ်တွေ ထိုးကျွေးခံရတော့မယ်လို့မြင်နေတယ်။

0 အကြံပြုခြင်း: